အစိုးရကို အတိုက္အခံမလုပ္ဖို႔ ရခိုင္သို႔စာပို႔
Zawgyi Fonts
.......
အစိုးရကိုဆန္႔က်င္တဲ့ အသံုးအႏူန္းေတြနဲ႔ လုပ္ရပ္ေတြ မလုပ္ဖို႔ ရခိုင္ျပည္နယ္ အရပ္ဖြဲ႔ အဖြဲ႔အစည္းမ်ားထံ အစိုးရစာေပးပို႔
ရခိုင္ျပည္နယ္ ၿမိဳ႕နယ္ ၁၇ ၿမိဳ႕နယ္က အရပ္ဖက္ အဖြဲ႔အစည္းေတြ စုေပါင္းၿပီး ေျမာက္ဦးျဖစ္စဥ္နဲ႔ ဘဂၤလားေဒ့ရွ္က ဒုကၡသည္ေတြ ျပန္လည္ေနရာခ်ထားေရးကိစၥ ေဆြးေႏြးမယ့္ပဲြမွာ အစိုးရကို ဆန္႔က်င္တဲ့ အသံုးအႏႈန္းေတြ လုပ္ရပ္ေတြ မျပဳလုပ္ေၾကာင္း ကတိခံ၀န္ခ်က္တင္ျပဖို႔ ျပည္နယ္အစိုးရက ေဆြးေႏြးပဲြ ဦးေဆာင္က်င္းပသူေတြထံ စာေပးပို႔လိုက္ပါတယ္။
အဲဒီေဆြးေႏြးပဲြကို လာမယ့္ ေဖေဖာ္၀ါရီလ ၂၄ ရက္ေန႔မွာ စစ္ေတြၿမိဳ႕က ခိုင္သဇင္ခန္းမမွာ က်င္းပဖို႔ စီစဥ္ထားတာျဖစ္ၿပီး ခန္းမအသံုးျပဳခြင့္ကုိ ျပည္နယ္ စည္ပင္သာယာေရး ေကာ္မတီထံ စာတင္ထားတာျဖစ္ပါတယ္။ အဲဒီခန္းမကို လႈမႈအဖဲြ႔အစည္းေတြရဲ႕ ေတာင္းဆုိမႈေၾကာင့္ ၂၀၁၅ ခုႏွစ္က တည္ေဆာက္ခဲ့တာျဖစ္ၿပီး ခန္းမ အသံုးျပဳခြင့္ေပးဖို႔ စာတင္တာကို အခုလိုတုံ႔ျပန္တာ ပထမဆံုးအႀကိမ္ျဖစ္တယ္လို႔ ၿမိဳ႕နယ္ေပါင္းစံု လူမႈအဖြဲ႔အစည္းမ်ား အစည္းအေဝး က်င္းပေရးေကာ္မတီ က ဦးစိုးႏိုင္ က ေျပာပါတယ္။
"ဒီခန္းမ ေဆာက္တဲ့ရည္ရြယ္ခ်က္က အရင္တည္းက လူမႈအဖြဲ႔အစည္းေတြက ေတာင္းဆိုလို႔ Public Centre အေနနဲ႔ ေဆာက္တာပါ။ ဒါေပမယ့္ အခုမွလာၿပီးေတာ့ NGO ေတြ Data ရွိရမယ္။ အစိုးရကို ဆန္႔က်င္တဲ့ အျပဳ အမူမ်ိဳး မျဖစ္ရဘူးဆိုတာ ဒီမိုကေရစီ အစိုးရတစ္ခုမွာ ရွိသင့္ရွိထိုက္တဲ့ လကၡဏာလားဆိုတာကို သံသယ အမ်ားႀကီး ရွိတယ္။ အစိုးရတစ္ရပ္အေနနဲ႔ ဒီလိုဝင္စြက္ၿပီးေတာ့ သိမ္းလိုက္တယ္ဆိုတာက အစိုးရကိုယ္တိုင္ ဒီမိုကေရစီ ကိုမေလးစားလို႔ပဲ ျဖစ္ပါတယ္။ က်ေနာ္တို႔ ေရြးခ်ယ္ထားတဲ့ ျပည္သူ႔အစိုးရက ဒီလိုတုံ႔ျပန္တာကို စိတ္မေကာင္းႀကီးစြာ ခံစားရေပမယ့္ က်ေနာ္တို႔ အစိုးရကရဲ႕ ဆံုးျဖတ္ခ်က္ကို လက္ခံပါတယ္"
အရပ္ဖက္ အဖြဲ႔အစည္းေတြ စုေပါင္းၿပီး ရခိုင္ျပည္နယ္ ေျမာက္ဦးျဖစ္စဥ္နဲ႔ ေမာင္ေတာေတာင္ပိုင္း၊ မယူကမ္းေျခ တေလွ်ာက္မွာ တိုင္းရင္းသားေတြ အေျခခ်ေနထိုင္ႏိုင္ေရးအတြက္ မြတ္စလင္ ဒုကၡသည္ေတြကို ျပန္လည္ ေနရာခ်ထားတာ မလုပ္ဖို႔ ကိစၥေတြကို ေဆြးေႏြးဖို႔အတြက္ စီစဥ္ထားတာျဖစ္ပါတယ္။
လက္ရွိအေနအထားအရ ခိုင္သဇင္ခန္းမ မဟုတ္ဘဲ တျခားေနရာမွာ က်င္းပႏိုင္ေရးအတြက္ စီစဥ္ေဆာင္ရြက္သြားဖို႔ ဆံုးျဖတ္ထားတယ္လို႔ ဦးစိုးႏိုင္ က ေျပာပါတယ္။
စစ္ေတြၿမိဳ႕ ခိုင္သဇင္ၿမိဳ႕ေတာ္ခန္းမကို NGO အဖြဲ႔အစည္းေတြအေနနဲ႔ ဌားရမ္းမယ္ဆိုရင္ တရားဝင္အသင္း အဖြဲ႔မွတ္ပံုတင္နဲ႔ တင္ျပရမွာ ျဖစ္တယ္လို႔လည္း စည္ပင္သာယာေရးေကာ္မတီရဲ႕ အေၾကာင္းျပန္စာမွာ ထည့္သြင္းေရးသားထားပါတယ္။
Unicode Fonts
......
အစိုးရကိုဆန့်ကျင်တဲ့ အသုံးအနူန်းတွေနဲ့ လုပ်ရပ်တွေ မလုပ်ဖို့ ရခိုင်ပြည်နယ် အရပ်ဖွဲ့ အဖွဲ့အစည်းများထံ အစိုးရစာပေးပို့
ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်က အရပ်ဖက် အဖွဲ့အစည်းတွေ စုပေါင်းပြီး မြောက်ဦးဖြစ်စဉ်နဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးကိစ္စ ဆွေးနွေးမယ့်ပွဲမှာ အစိုးရကို ဆန့်ကျင်တဲ့ အသုံးအနှုန်းတွေ လုပ်ရပ်တွေ မပြုလုပ်ကြောင်း ကတိခံ၀န်ချက်တင်ပြဖို့ ပြည်နယ်အစိုးရက ဆွေးနွေးပွဲ ဦးဆောင်ကျင်းပသူတွေထံ စာပေးပို့လိုက်ပါတယ်။
အဲဒီဆွေးနွေးပွဲကို လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စစ်တွေမြို့က ခိုင်သဇင်ခန်းမမှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပြီး ခန်းမအသုံးပြုခွင့်ကို ပြည်နယ် စည်ပင်သာယာရေး ကော်မတီထံ စာတင်ထားတာဖြစ်ပါတယ်။ အဲဒီခန်းမကို လှုမှုအဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုကြောင့် ၂၀၁၅ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး ခန်းမ အသုံးပြုခွင့်ပေးဖို့ စာတင်တာကို အခုလိုတုံ့ပြန်တာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ မြို့နယ်ပေါင်းစုံ လူမှုအဖွဲ့အစည်းများ အစည်းအဝေး ကျင်းပရေးကော်မတီ က ဦးစိုးနိုင် က ပြောပါတယ်။
"ဒီခန်းမ ဆောက်တဲ့ရည်ရွယ်ချက်က အရင်တည်းက လူမှုအဖွဲ့အစည်းတွေက တောင်းဆိုလို့ Public Centre အနေနဲ့ ဆောက်တာပါ။ ဒါပေမယ့် အခုမှလာပြီးတော့ NGO တွေ Data ရှိရမယ်။ အစိုးရကို ဆန့်ကျင်တဲ့ အပြု အမူမျိုး မဖြစ်ရဘူးဆိုတာ ဒီမိုကရေစီ အစိုးရတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ လက္ခဏာလားဆိုတာကို သံသယ အများကြီး ရှိတယ်။ အစိုးရတစ်ရပ်အနေနဲ့ ဒီလိုဝင်စွက်ပြီးတော့ သိမ်းလိုက်တယ်ဆိုတာက အစိုးရကိုယ်တိုင် ဒီမိုကရေစီ ကိုမလေးစားလို့ပဲ ဖြစ်ပါတယ်။ ကျနော်တို့ ရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရက ဒီလိုတုံ့ပြန်တာကို စိတ်မကောင်းကြီးစွာ ခံစားရပေမယ့် ကျနော်တို့ အစိုးရကရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပါတယ်"
အရပ်ဖက် အဖွဲ့အစည်းတွေ စုပေါင်းပြီး ရခိုင်ပြည်နယ် မြောက်ဦးဖြစ်စဉ်နဲ့ မောင်တောတောင်ပိုင်း၊ မယူကမ်းခြေ တလျှောက်မှာ တိုင်းရင်းသားတွေ အခြေချနေထိုင်နိုင်ရေးအတွက် မွတ်စလင် ဒုက္ခသည်တွေကို ပြန်လည် နေရာချထားတာ မလုပ်ဖို့ ကိစ္စတွေကို ဆွေးနွေးဖို့အတွက် စီစဉ်ထားတာဖြစ်ပါတယ်။
လက်ရှိအနေအထားအရ ခိုင်သဇင်ခန်းမ မဟုတ်ဘဲ တခြားနေရာမှာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဦးစိုးနိုင် က ပြောပါတယ်။
စစ်တွေမြို့ ခိုင်သဇင်မြို့တော်ခန်းမကို NGO အဖွဲ့အစည်းတွေအနေနဲ့ ဌားရမ်းမယ်ဆိုရင် တရားဝင်အသင်း အဖွဲ့မှတ်ပုံတင်နဲ့ တင်ပြရမှာ ဖြစ်တယ်လို့လည်း စည်ပင်သာယာရေးကော်မတီရဲ့ အကြောင်းပြန်စာမှာ ထည့်သွင်းရေးသားထားပါတယ်။
တန္းလြဲသတင္း

Comments
Post a Comment