ရခိုင္ျပည္နယ္႐ွိၿမိဳ႕မ်ားျဖစ္လာပံုသမိုင္းႏွင့္ အေထြေထြဗဟုသုတမ်ား
Zawgyi
.....
ရခိုင္ျပည္ရွိ ၿမိဳ႕(၁၇)ၿမိဳ႕မ်ား၏ရာဇဝင္အက်ဥ္း
1. စစ္ေတြ
ကုလားတန္ျမစ္ဝ၏ အေနာက္ဖက္ကမ္းနွင့္ ဘဂၤလားပင္လယ္ေအာ္တို႔ ဆံုရာအရပ္တြင္ တည္ရွိၿပီး သဘာဝပထဝီ ေက်ာေထာက္ေနာက္ခံ ေကာင္းသည္။ ၿမိဳ႕၏ေျမာက္ဖက္ကို ဆတ္ရိုးက်ေခ်ာင္းက ပိုင္းျဖတ္ထားသည္။ ရခိုင္ျပည္၏ ၿမိဳ႕ေတာ္ျဖစ္ကာ ဧရိယာအက်ဥ္းဆံုးၿမိဳ႕လည္းျဖစ္သည္။
ေတာင္နွင့္ေျမာက္ သံုးမိုင္ခြဲ၊ အေရွ႕နွင့္အေနာက္က နွစ္မိုင္ခန္႔ရွိသည္။ အက်ဥ္းဆံုးေနရာသည္ ေျခာက္ဖာလံု ရွိသည္။ ၿမိဳ႕ဧရိယာမွာ (၃.၃၄) စတုရန္းမိုင္ ရွိသည္။ `ၿမိဳ႕ေပၚတြင္´ လူဦးေရ (၁.၂၇) သိန္းေက်ာ္ ေနထိုင္သည္။ စစ္ေတြၿမိဳ႕နယ္ တစ္ခုလံုး၏ လူဦးေရမွာမူ (၂.၃၃) သိန္း ရွိပါသည္။
ဒုတိယကမၻာစစ္ႀကီး မျဖစ္မီ စစ္ေတြမွ ဆန္တန္ခ်ိန္ တစ္သိန္းေက်ာ္အထိ နွစ္စဥ္တင္ပို႔ေနသျဖင့္ ဆန္ၿမိဳ႕ဟုလည္း အမည္တြင္ခဲ႔သည္။
ရႏၲပိုစာခ်ဳပ္အရ အဂၤလိပ္တို႔ ရခိုင္ကိုသိမ္းၿပီးေသာအခါ ေျမာက္ဦးၿမိဳ႕သည္ အေနအထား မေကာင္းေတာ့သျဖင့္ ၁၈၃၆ - ခုနွစ္တြင္ စစ္ေတြကို တည္ေထာင္သည္။ `စစ္တဲႀကီး´တစ္ခု ရွိခဲ့သည္ကို အစြဲျပဳ၍ စစ္ေတြဟုတြင္လာသည္။ အာက်ပ္ကုန္းရွိ အာက်ပ္ေတာ္ေစတီကို အစြဲျပဳ၍ အဂၤလိပ္တို႔က အာက်ပ္ (AKYAB)ဟု ေခၚၾကသည္။
စစ္ေတြၿမိဳ႕နယ္ဧရိယာ၏ (၃၅) ရာခိုင္နႈန္းမွာ ဆန္စပါးစိုက္ပ်ိဳးသည္။ သစ္ေတာဧရိယာ မရွိပါ။ ပုဇြန္ကန္ (၄၂၆) ကန္နွင့္ ေမြးျမဴေရးဧရိယာ (၄၈၉၀) ဧကရွိသည္။ အဓိကထြက္ကုန္မွာ ဆန္စပါး၊ ငါးနွင့္ ရခိုင္လံုခ်ည္တို႔ ျဖစ္သည္။
စစ္ေတြအေနာက္ဖက္ရွိ ေပ (၂၀) ခန္႔ျမင့္သည့္ ေတာင္ကုန္းငယ္တစ္ခုသာ အျမင့္ဆံုးကုန္းျမင့္ ျဖစ္ပါ သည္။ ေက်းရြာအုပ္စု (၂၇) စုနွင့္ ေက်းရြာငယ္ (၈၇) ရြာရွိပါသည္။ ကန္ေတာ္ႀကီး၊ ဘုရားႀကီး၊ ဧေစတီ၊ သလံုးေတာ္ဓာတ္ေစတီ၊ ေလာကာနႏၵာေစတီ၊ မင္းႀကီးေက်ာက္တန္း၊ ရွဳခင္းသာလမ္း၊ ပိြဳင့္၊ စစ္ေတြေဟာ္တယ္ေရွ႕ကမ္းေျခ၊ နႏၵာဝန္ဥယ်ာဥ္တို႔မွာ ထင္ရွားသည္။
2. ပုဏၰားကြ်န္း
ကုလားတန္ျမစ္၏ လက္ဝဲဖက္အရပ္တြင္ တည္ရွိသည္။ ၁၉၀၅ - ခုနွစ္တြင္ ၿမိဳ႕ျဖစ္လာသည္။ ၁၈၆၈ - ေလမုန္တိုင္းႀကီးေၾကာင့္ မူလရံုးစိုက္ရာ တန္ခိုးရြာႀကီးမွ ေျပာင္းေရႊ႕လာကာ နည္ေထာင္ျခင္းျဖစ္သည္။ ၿမိဳ႕သည္ ပင္လယ္ေရျပင္အျမင့္ (၈) ေပတြင္ ရွိသည္။ ၿမိဳ႕အရပ္တြင္ ေရွးအခါက ပုဏၰားမ်ားေနထိုင္ခဲ႔၍ ပုဏၰားကြ်န္းၿမိဳ႕ဟု အမည္တြင္သည္။ ၿမိဳ႕ေသာက္သံုးေရအတြက္ ဂူဝဆည္ကို တည္ထားကာ `ၿမိဳ႕ေပၚေန'´လူဦးေရမွာ (၁၀၆၆၆) ဦး ရွိသည္။ `ၿမိဳ႕နယ္တစ္ခုလံုး၏´ လူဦးေရမွာမူ (၁.၃၃) သိန္းေက်ာ္ ရွိသည္။
ၿမိဳ႕၏ဧရိယာအက်ယ္မွာ (၀.၀၇) စတုရန္းမိုင္ျဖစ္ၿပီး၊ ၿမိဳ႕နယ္တစ္ခုလံုး၏ အက်ယ္မွာ (၄၃၉.၆၃) မိုင္ ရွိသည္။ စပါးစိုက္ဧရိယာ (၉၃.၅၈) စတုရန္းမိုင္ ရွိကာ၊ ပုဇြန္ကန္ေပါင္း (၄၅၃) ကန္နွင့္ ေမြးျမဴေရးဧရိယာ (၇၄၈၁) ဧက ရွိသည္။`ေတာဖ်ားေခ်ာင္း´ဆိုသည့္ ေဒသမွ ငရုပ္ေကာင္း အမ်ားဆံုးထြက္သည္။
ဦးရာဇ္ေတာ္ဓာတ္ေစတီ၊ စၿမံဳေတာ္ဓာတ္ေစတီ၊ ဘဲငါးရာေတာင္တို႔ ရွိသည္။
3. ေပါက္ေတာ
ကြ်ဲကူးျမစ္၏ လက္ဝဲဖက္ကမ္းတြင္ တည္ရွိသည္။ ၿမိဳ႕တည္မည့္အရပ္တြင္ ၁၇၈၈ - ခုနွစ္မွပင္ လူေနသည္။ ၁၈၉၀ - ျပည့္နွစ္တြင္ ၿမိဳ႕ျပျဖစ္လာသည္။ `ေပါက္ပင္ေတာ´မ်ားကို အစြဲျပဳ၍ ၿမိဳ႕အမည္တြင္ သည္။ ဆန္စပါး ေရလုပ္ငန္းတို႔ျဖင့္ ထင္ရွားသည္။ ၿမိဳ႕ေျမာက္ဖက္ရွိ သေရြးဓာတ္ေတာင္ေစတီမွာ အထင္ကရရွိသည္။ ၿမိဳ႕ေပၚတြင္ ရပ္ကြက္(၅) ခုရွိသည္။
ၿမိဳ႕ေပၚေနလူဦးေရမွာ (၁၈၅၇၁) ဦးရွိကာ၊ ၿမိဳ႕နယ္တစ္ခုလံုးတြင္ (၁.၆၇) သိန္းေက်ာ္ ရွိသည္။ ၿမိဳ႕ဧရိယာမွာ (၀.၁၄) စတုရန္းမိုင္ျဖစ္ကာ၊ ၿမိဳ႕နယ္ဧရိယာမွာ (၄၁၃.၇၄) စတုရန္းမိုင္ က်ယ္သည္။ ေတာင္ဖက္ပိုင္းတြင္ ဖရံုကာကြ်န္း သံုးကြ်န္းရွိကာ၊ အျခားေသာ ကြ်န္းေပါင္း ရွစ္ကြ်န္းလည္း ပါဝင္သည္။
ေပါက္ေတာၿမိဳ႕နယ္သည္ မူလက ဦးရာဇ္ေတာင္ အေရွ႕ၿမိဳ႕နယ္ဟု အမည္တြင္ခဲ႔သည္။ ၁၈၉၀
- ျပည့္နွစ္တြင္ ေပါက္ေတာၿမိဳ႕ႏွင့္အတူ ၿမိဳ႕နယ္ျဖစ္လာသည္။
ဆံေတာ္ရွင္ေစတီ၊ ေတာင္ညိဳဂူ၊ ႀကိမ္ခေမာ္ဂူ၊ နတ္ေတာင္ျပင္ဂူ၊ ေတာင္းဖူးဘုရားႀကီး၊ သေရြး ဓာတ္ေတာင္တို႔မွာ ထင္ရွားသည္။
ေက်းရြာအုပ္စု (၅၃) စု၊ ရြာငယ္(၁၆၆) ရြာ၊ စပါးစိုက္ဧရိယာ စတုရန္းမိုင္ (၁၅၀)ေက်ာ္၊ ပုဇြန္ကန္ (၁၆၁၀) ကန္ႏွင့္ ေမြးျမဴေရးဧရိယာ (၃၁၉၁၃) ဧက ရွိသည္။
4. ဂြ
ရခိုင္ျပည္၏ ေတာင္ဖက္အဆံုး၊ နယ္ျခားမ်ဥ္း၏ေျမာက္ဖက္ (၁၂) မိုင္အကြာ၊ ဂြေခ်ာင္း လက္ဝဲ ကမ္းတြင္ တည္ရွိသည္။ ၁၈၇၄ - တြင္ ၿမိဳ႕ျဖစ္လာသည္။ ေခ်ာင္းခြဆံု၊ ျမစ္ခြဆံုတြင္ နည္ရွိသျဖင့္ `ဂြ´ဟု အမည္တြင္လာသည္။ ဧရာဝတီတိုင္းသို႔ ကားလမ္းျဖင့္ လြယ္ကူစြာ သြားလာနိုင္သည္။ ဂြကမ္းေျခသည္ `ဂ´ငယ္ပံုရွိၿပီး နွစ္မိုင္ခန္႔ရွည္သည္။ (၁၇၃) ေပျမင့္ေသာ `မင္းေတာင္´သည္ ထင္ရွားသည္။ အျမင့္ဆံုး ေတာင္မွာ (၁၈၆၈) ေပရွိသည့္ ဇီးေဇာင္းေတာင္ ျဖစ္သည္။
ၿမိဳ႕ဧရိယာစတုရန္းမိုင္မွာ (၀.၅၃) စတုရန္းမိုင္ျဖစ္ကာ၊ ၿမိဳ႕နယ္တစ္ခုလံုး၏ စတုရန္းမိုင္မွာ (၈၈၅.၁၁) က်ယ္ဝန္းသည္။ ၿမိဳ႕ေပၚေနလူဦးေရသည္ (၇၄၂၂) ဦးရွိၿပီး၊ ၿမိဳ႕နယ္တစ္ခုလံုးမွာ (၃၇၃၃၉) ဦး ရွိသည္။ ျပင္ပသို႔ ထြက္ခြာသူမ်ားသျဖင့္ လူဦးေရတိုးတက္နႈန္း အလြန္ေနွးေကြးသည္။
`က်ိႏၲိလီမပါဘဲ´ ဒီေရေတာမွာ (၁၂.၁၃) စတုရန္းမိုင္၊ စပါးစိုက္ဧရိယာမွာ (၁၉.၇၆) စတုရန္းမိုင္ ရွိကာ ေက်းရြာအုပ္စု(၂၁) စု၊ ရြာငယ္(၁၀၄) ရြာ ရွိသည္။ လယ္ယာစိုက္ပ်ိဳးျခင္း၊ ငါးဖမ္းျခင္း၊ အုန္းပင္နွင့္ နႏြင္းစိုက္ပ်ိဳးမႈရွိသည္။ ပုဇြန္ကန္ (၄)ကန္နွင့္ ေမြးျမဴေရးဧရိယာ ဧက(၅၀) ရွိသည္။ သိမ္ကုန္းေစတီ၊ က်ိႏၲိလီေစတီ၊ ကမ္းသာယာတို႔မွာ ထင္ရွားသည္။
၁၈၅၃ - မွ ၁၈၆၄ - ခုနွစ္ထိ (ရခိုင္မွဖဲ႔ထုတ္ကာ ပလက္ဝကဲ႔သို႔) ဧရာဝတီေဒသ ပုသိမ္နယ္ထဲသို႔ ေခတၲထည့္သြင္းျခင္း ခံရေသးသည္။
5. ေမာင္ေတာ
နတ္ျမစ္၏ အေရွ႕ဖက္ကမ္းတြင္ တည္ရွိသည္။ အဂၤလိပ္-ျမန္မာ ပထမစစ္ပြဲတြင္ ျမန္မာတပ္မွ `ဗိုလ္ေမာင္ေတာ´ တပ္စြဲခဲ႔၍ ေမာင္ေတာဟု အမည္ရလာသည္။ ၿမိဳ႕ေပၚဧရိယာက (၀.၅၄) မိုင္ရွိကာ၊ ၿမိဳ႕နယ္ဧရိယာက (၆၇၈) စတုရန္းမိုင္ ရွိသည္။ ၿမိဳ႕ေပၚလူဦးေရက (၃၄၀၂၄) ျဖစ္ၿပီး၊ ၿမိဳ႕နယ္တစ္ခုလံုးရွိ လူဦးေရမွာ (ေတာင္ၿပိဳလက္ဝဲမပါဘဲ) (၄.၇) သိန္းေက်ာ္ ရွိသည္။
ရခိုင္ျပည္တစ္ခုလံုးတြင္ လူဦးေရအထူထပ္ဆံုး ၿမိဳ႕နယ္တစ္ခုျဖစ္ကာ ဘဂၤါလီအမ်ားစု ေနထိုင္သည္။ ရခိုင္ျပည္တြင္ လူဦးေရတိုးပြားမႈ အျမင့္ဆံုးေဒသ ျဖစ္သည္။ ၿမိဳ႕ေပၚေသာက္သံုးေရအတြက္ ၿမိဳ႕အေရွ႕ ဖက္ (၃) မိုင္တြင္ ေတာင္ေၾကာတစ္ဖက္ပိတ္ `ဆည္´ရွိသည္။
ေမာင္ေတာၿမိဳ႕နယ္၏ ဧရိယာသည္ မယူေတာင္တန္း၏ အေနာက္ဖက္ ေတာင္ေျခတစ္ေလွ်ာက္ ျဖစ္သည္။ ေတာေတာင္ထူထပ္ၿပီး သစ္၊ ဝါး ေပါသည္။ ႀကိဳးဝိုင္၊ ၾကိဳးျပင္ ကာကြယ္ေတာမွာ (၁၃၇.၃၆) စတုရန္းမိုင္ ရွိသည္။ စပါးနွင့္ ငါးပုဇြန္လုပ္ငန္းသည္ အဓိကျဖစ္သည္။
ေတာင္ၿပိဳလက္ဝဲမပါဘဲ ဆန္စပါးစိုက္ဧရိယာ (၉၀.၂၀) စတုရန္းမိုင္၊ ေက်းရြာအုပ္စု (၈၈) စု၊ ေက်းရြာေပါင္း (၃၇၀) ရြာ၊ ပုဇြန္ကန္ (၂၁၆၉) ကန္ႏွင့္ ေမြးျမဴေရးဧက (၁၄၃၄၅) ဧက ရွိသည္။ ၿမိဳ႕မေက်ာင္းရွိ မဟာက်န္ဘုရားနွင့္ ဝက္က်ိန္းေစတီ၊ သရီကုန္းေဘာင္ေစတီ၊ ခ်င္းမေခါင္းတို႔မွာ ထင္ရွားသည္။ ဒုတိယကမၻာစစ္တြင္းက မယူေတာင္တန္းေၾကာင့္ စစ္တလင္းတစ္ခု ျဖစ္ခဲ႔သည္။
၁၉၉၅ - ခု စက္တင္ဘာလ (၁၉) ရက္ေန႔မွစ၍ စစ္ေတြခရိုင္မွ ခြဲထုတ္ကာ ေမာင္ေတာခရိုင္ဟု သီးျခားဖြဲ႔စည္းသည္။ ၁၉၉၉ -ဧၿပီလ (၂၃) ရက္ေန႔တြင္ ဘူးသီးေတာင္ၿမိဳ႕နယ္ကို ထည့္သြင္းတိုးခ်ဲ႕သည္။
6. ဘူးသီးေတာင္
မယူျမစ္ဝမွ (၇၅) မိုင္အကြာ၊ ကုလားပန္းဇင္းေခ်ာင္း၏ လက္ဝဲဖက္ကမ္းတြင္ တည္ရွိသည္။ ၁၉၀၅ - ခုနွစ္တြင္ ၿမိဳ႕ျဖစ္လာသည္။ ေတာင္ကုန္း၊ေတာင္ကမူမ်ား ေပါမ်ားကာ ဘူးသီးနွင့္တူေသာေၾကာင့္ ဘူးသီးေတာင္ဟု အမည္တြင္ခဲ႔သည္။
ၿမိဳ႕ဧရိယာ (၀.၆၉) စတုရန္းမိုင္၊ ၿမိဳ႕နယ္ဧရိယာ (၇၇၉) စတုရန္းမိုင္ ရွိသည္။ ၿမိဳ႕ေပၚလူေနမႈ လူဦး ေရမွာ (၁၉၉၁၄) ဦးျဖစ္ၿပီး၊ ၿမိဳ႕နယ္တစ္ခုလံုးတြင္ လူဦးေရ (၂.၉၃) သိန္းေက်ာ္ ရွိသည္။ အမ်ားစုမွာ ဘဂၤါလီမ်ား ျဖစ္ၾကသည္။
လယ္ယာစိုက္ပ်ိဳးျခင္းနွင့္ သစ္၊ ဝါး ထုတ္လုပ္သည္။ ေတာေတာင္ထူၿပီး ႀကိဳးဝိုင္း၊ ႀကိဳးျပင္ ကာကြယ္ေတာမွာ (၃၂၃.၃၀) စတုရန္းမိုင္ ရွိသည္။ စိုက္ပ်ိဳးဧရိယာမွာ (၉၈.၆၅) စတုရန္းမိုင္ ရွိသည္။ စိုင္းဒင္ ေရတံခြန္နွင့္ ဒံုးသိမ္တို႔မွာ ထင္ရွားသည္။
ဒုတိယကမၻာစစ္အတြင္းက ဘူးသီးေတာင္သည္ ဂ်ပန္နွင့္ မဟာမိတ္တို႔အတြက္ စစ္တလင္းျဖစ္ခဲ့ သည္။ ၿမိဳ႕နယ္တြင္ ေက်းရြာအုပ္စု (၇၈) စု၊ ရြာငယ္(၃၈၅) ရြာ ရွိသည္။
7. ရေသ့ေတာင္
မယူျမစ္ဝမွ မိုင္နွစ္ဆယ္အကြာ လက္ယာကမ္းတြင္ တည္ရွိသည္။ ၿမိဳ႕ေျမာက္ဖက္တြင္ ေတာေတာင္မ်ားရွိၿပီး၊ ေတာင္ဖက္တြင္ ရေသ့ေတာင္ေခ်ာင္းက ျမစ္အတြင္းသို႔ စီးဝင္သည္။ ၿမိဳ႕ေျမာက္ဖက္ရွိ `ရေသ့ေတာင္´ကို အစြဲျပဳ၍ ၿမိဳ႕အမည္တြင္ခဲ႔သည္။
ဤၿမိဳ႕ကို ၁၈၆၃ - ခုနွစ္တြင္ တည္ေထာင္ခဲ႔ေလသည္။ ၿမိဳ႕ေပၚလူဦးေရမွာ (၇၂၁၅) ဦးရွိကာ၊ ၿမိဳ႕နယ္လူဦးေရက (၁.၅၅) သိန္းေက်ာ္ ရွိသည္။ ၿမိဳ႕ဧရိယာမွာ (၀.၀၇) မိုင္ က်ယ္ဝန္ၿပီး ရပ္ကြက္(၅)ခု ရွိသည္။ ၿမိဳ႕နယ္ဧရိယာက (၄၃၇.၇၆) စတုရန္းမိုင္ က်ယ္ဝန္းကာ ေက်းရြာအုပ္စု (၈၈) စု၊ ရြာငယ္ (၁၉၆) ရြာ တည္ရွိသည္။ လယ္ယာလုပ္ငန္း၊ ငါးဖမ္းလုပ္ငန္း၊ ဥယ်ာဥ္ၿခံေျမလုပ္ငန္းတို႔မွာ အဓိကျဖစ္သည္။ စပါးစိုက္ဧရိယာ (၁၄၁) စတုရန္းမိုင္ရွိကာ ပုဇြန္ကန္ (၂၅၅) ကန္နွင့္ ေမြးျမဴဧက (၈၆၇၄) ဧက ရွိသည္။
ရေသ့ေတာင္ၿမိဳ႕နယ္၏ နယ္နမိတ္ကို `မယူကမ္း´ဟုလည္း ေခၚၾကသည္။ မယူကမ္းဖက္တြင္ ႀကိဳးဝိုင္းသစ္ေတာ (၁၅.၂၈) စတုရန္းမိုင္ ရွိသည္။ ကူေတာင္ဂူေက်ာင္း၊ ဦးကင္းေတာ္ေစတီ၊ လည္ရိုး ေတာ္ေစတီတို႔မွာ ထင္ရွားသည္။
8. အမ္း
အမ္းၿမိဳ႕ကို ၁၈၁၂ - ခုနွစ္တြင္ တည္ေထာင္သည္။ ၁၈၃၃ - မွ ၁၈၃၇ - ထိ အမ္းခရိုင္ၿမိဳ႕ေတာ္ ျဖစ္ခဲ့ သည္။ အမ္းေတာင္ၾကားလမ္းေၾကာင့္ ထင္ရွားသည္။ အမ္းျမစ္ညာေဒသသည္ ပင္လယ္ေရျပင္ အျမင့္ ေပ (၁၈၀) တြင္ တည္ရွိသည္။ သေဘၤာဆိပ္မွာ ၿမိဳ႕ႏွင့္(၂၄)မိုင္အကြာ၊ အမ္းျမစ္ဝတြင္ရွိသည့္ တပ္ေတာင္ အရပ္ ျဖစ္သည္။
အမ္းၿမိဳ႕သည္ ေရွးရခိုင့္သမိုင္းဝင္ ၿမိဳ႕တစ္ၿမိဳ႕လည္း ျဖစ္ခဲ႔ေသးသည္။ ယခုေတာ့ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္မွ ရံုးစိုက္သည္။ ၿမိဳ႕ေပၚဧရိယာမွာ (၁.၇၃) စတုရန္းမိုင္ရွိကာ လူဦးေရ (၇၂၉၂) ဦး ေနထိုင္သည္။ ၿမိဳ႕နယ္ဧရိယာကေတာ့ (၂၄၆၇.၅၁) စတုရန္းမိုင္ရွိကာ လူဦးေရ (၁) သိန္းေက်ာ္ရံုသာ ရွိသည္။ တစ္ရပ္တစ္ေက်းသို႔ ထြက္ခြာသူမ်ားသျဖင့္ လူေနက်ဲပါးသည္။ အမ္းၿမိဳ႕နယ္၏ ဧရိယာသည္ ရခိုင္ျပည္တြင္ အက်ယ္ဆံုးဧရိယာ ျဖစ္သည္။
သစ္ေတာထူသည္။ ဝါးေတာဧရိယာသည္ စတုရန္းမိုင္ (၁၈၁၁) မိုင္အထိ ရွိသည္။ ႀကိဳးဝိုင္းႀကိဳးျပင္ ကာကြယ္ေတာ (၄၉၂.၄၃) စတုရန္းမိုင္၊ ဒီေရေတာ (၁၀၄.၅၁) စတုရန္းမိုင္ရွိသည္။ ရခိုင္ျပည္၏ `ဒုတိယ´ေျမာက္ အဖိုးတန္သစ္မ်ား ထြက္ရွိရာ ေဒသျဖစ္သည္။ လယ္ယာ၊ သစ္၊ ဝါး၊ ေဆးရြက္ႀကီး၊ ေရလုပ္ငန္း အဓိကျဖစ္သည္။
စပါးစိုက္ဧရိယာ (၆၂) စတုရန္းမိုင္၊ ပုစြန္ကန္ (၁၉၅) ကန္နွင့္ ေမြးျမဴဧက (၁၀၅၃၈) ဧက ရွိသည္။ ေက်းရြာအုပ္စု (၂၉)စု၊ ရြာေပါင္း (၂၄၂) ရြာရွိသည္။ မဟာဆူး၊ မဟာကေနာင္၊ တန္းတင္ေစတီ၊ ဒလက္ဘုရားမ်ားမွာ ထင္ရွားသည္။
အမ္းေခ်ာင္းကို အမ္းျမစ္ဟုလည္း ေခၚသည္။ ရခိုင္ျပည္၏ အလယ္ပိုင္းတြင္ ရွိေနသည္။ အမၺနဒီ သရက္ေခ်ာင္း စသျဖင့္ ေခၚေဝၚၾကရာမွ အမ္းေခ်ာင္း၊ အမ္းျမစ္ ျဖစ္လာသည္။ ျမင္မတိန္ေတာင္မွ ျမစ္ဖ်ားခံကာ မိုင္ (၆၀) ခန္႔ထိ ရွည္လ်ားၿပီး ကြ်န္းစိုင္ထဲသို႔ စီးဝင္သည္။ မစ္ညာပိုင္းတြင္ အမ္းၿမိဳ႕ရွိသည္။ အမ္းၿမိဳ႕၏ ေတာင္ဖက္အနီး ေအာက္ရြာတြင္ ေခ်ာင္းကူး ေဘလီႀကိဳးတံတား ရွိသည္။
9. ေက်ာက္ေတာ္
ကုလားတန္ျမစ္၏ လက္ဝဲဖက္ကမ္းတြင္ တည္ရွိသည္။ ၁၉၁၀ - ျပည့္နွစ္တြင္ ၿမိဳ႕အျဖစ္ သတ္မွတ္ခဲ႔သည္။ ၿမိဳ႕တစ္ဖက္ကမ္းရွိ ေက်ာက္ေတာ္ေတာင္ေစတီကို အစြဲျပဳ၍ အမည္တြင္သည္။ ရခိုင္နွင့္ ခ်င္းျပည္နယ္ေတာင္ပိုင္းတို႔၏ ၾကားခံၿမိဳ႕ျဖစ္သည္။ ဆန္စပါး၊ ပဲ၊ ႏွမ္း၊ ႀကံတို႔ စိုက္ပ်ိဳးျဖစ္ထြန္းသည္။ ၁၉၄၁ - ခုနွစ္၊ ေမလတြင္ ရခိုင္တိုင္းလံုးဆိုင္ရာ တိုင္းရင္းသားအစည္းအရံုးမွ `ေက်ာက္ေတာ္ညီလာခံ´ဟု က်င္းပဖူးသည္။
ၿမိဳ႕ဧရိယာမွာ (၀.၅၂) စတုရန္းမိုင္ရွိကာ ရပ္ကြက ္(၅) ခု၊ လူဦးေရ (၁၇၇၃၃) ဦး ရွိသည္။ ၿမိဳ႕နယ္ဧရိယာကေတာ့ (၆၇၅.၅၅) စတုရန္းမိုင္ က်ယ္ဝန္းကာ လူဦးေရ (၂.၁၁) သိန္းေက်ာ္ ေနထိုင္သည္။ ေက်းရြာအုပ္စု (၇၉) စု၊ ရြာငယ္ (၂၈၅) ရြာ ရွိသည္။ ၿမိဳ႕သည္ ပင္လယ္ေရျပင္အထက္ (၁၈.၅၇) ေပတြင္ တည္ရွိသည္။
ဒုတိယေျမာက္ ဆန္စပါးအမ်ားဆံုးထြက္ရွိရာ ၿမိဳ႕နယ္ျဖစ္သည္။ စပါးစိုက္ဧရိယာမွာ (၁၃၀.၄၉) စတုရန္းမိုင္ ရွိသည္။ ရိကၡာဖူလံုမႈမွာ (၁၆၈.၂၄) ရာခိုင္နႈန္း ျဖစ္သျဖင့္ (၁၀၀) ရာခိုင္နႈန္း အထက္ပင္ ေက်ာ္လြန္ေပ၏။ ကုလားတန္ျမစ္မ၊ သရီေခ်ာင္း၊ ယိုးေခ်ာင္းအထက္ပိုင္းတို႔ ပါရွိသျဖင့္ ေတာေတာင္ထူသည္။ ႀကိဳးဝိုင္း/ျပင္ ကာကြယ္ေတာမွာ (၂၂၈) စတုရန္းမိုင္ ရွိသည္။ ရခိုင္နွင့္ခမီး အမ်ားစု ေနထိုင္ၾက သည္။
မဟာမုနိရုပ္ပြားေတာ္၊ ေသလာဂီရိေတာင္၊ ေက်ာက္ေတာ္ေစတီ၊ ဓညဝတီၿမိဳ႕ေဟာင္းတို႔ျဖင့္ ထင္ရွားသည္။
10. ေျမာက္ဦး
ေျမာက္ဦးၿမိဳ႕ေတာ္ေဟာင္းကို အေျခခံ၍ တည္ေဆာက္ထားသည့္ ၿမိဳ႕ျဖစ္သည္။ `ေျမာက္´မ်ား စြာေသာ အႀကံအစည္းမ်ားကို `ဦး´ဦးဖ်ားဖ်ား ေအာင္ျမင္ခဲ႔သျဖင့္ `ေျမာက္ဦး´ဟု အမည္တြင္သည္။ ကုလားတန္ျမစ္နွင့္ ေလးၿမိဳ႕ျမစ္ၾကားရွိ ေတာင္နိမ့္၊ ေတာင္တန္း၊ လြင္ျပင္မ်ားတြင္ တည္ရွိသည္။ ၁၈၂၅ - မွ ၁၉၇၈ - ထိ `ၿမိဳ႕ေဟာင္း´ဟု အမည္တြင္သည္။ ပင္လယ္ေရျပင္အထက္ (၁၇) ေပတြင္ တည္ရွိသည္။ ၿမိဳ႕ေပၚဧရိယာမွာ (၀.၈၃) စတုရန္းမိုင္ရွိၿပီး လူဦးေရ (၃၆၉၁၀) ဦး ရွိသည္။ ရပ္ကြက္ (၇)ခု ရွိသည္။ ၿမိဳ႕နယ္ဧရိယာက (၄၉၀.၉၇) စတုရန္းမိုင္ရွိကာ လူဦးေရ (၂.၂၂) သိန္းေက်ာ္ ရွိသည္။ ေက်းရြာအုပ္စု (၉၄) စု၊ ရြာငယ္(၂၄၈) ရြာ ရွိသည္။
ႀကိဳးဝိုင္း/ျပင္ ကာကြယ္ေတာမွာ (၄၄.၈၃) စတုရန္းမိုင္ ရွိသည္။ ဆန္စပါးနွင့္ ဟင္းသီးဟင္းရြက္ အဓိကထြက္သည္။ ဆန္စပါးစိုက္ပ်ိဳးေျမ ဧရိယာမွာ (၂၀၄.၅၇) စတုရန္းမိုင္ ရွိသည္။ ဆန္စပါးဖူလံုမႈမွာ (၂၆၄) ရာခိုင္နႈန္းျဖစ္သည္။ ရခိုင္ျပည္၏ ဆန္စပါး အထြက္ဆံုးၿမိဳ႕ ျဖစ္သည္။ ပုစြန္ကန္ (၁၀၆) ကန္နွင့္ ေမြးျမဴးဧရိယာ (၅၆၄) ဧက ရွိသည္။
သွ်စ္ေသာင္း၊ ကိုးေသာင္း၊ ထုကၠန္သိမ္၊ အံေတာ္သိမ္၊ ေလးမ်က္နွာ၊ ေလာင္ဗြန္းေျပာက္၊ ရတနာပံု၊ မာရ္ငါးပါး၊ ဘုရားေပၚ၊ ေဝသာလီဘုရား၊ ေလာင္းၾကက္ေတာင္ေမာ္၊ ၿခိပ္ဘုရား၊ မဟာထီး၊ ပါးေတာ္၊ ဗားမဲ႔ဗားဂရာဂူတို႔မွာ ထင္ရွားသည္။
က်ံဳး၊ ေျမာင္း၊ အင္းအိုင္၊ ခံတပ္၊ ၿမိဳ႕တံခါး၊ ေရတံခါး၊ ၿမိဳ႕တံတိုင္း၊ နန္းရာကုန္း၊ ျပတိုက္၊ ေက်ာက္စာ စသည့္ ေရွးရွင္ဘုရင္တို႔၏ တည္ေဆာက္ခဲ႔မႈမ်ားကို ေလ့လာမွတ္သားစရာ မ်ားျပားလွသည့္ ၿမိဳ႕တစ္ခုျဖစ္သည္။
11. မင္းျပား
ေရွးရခိုင္တို႔၏ စည္ပင္ခဲ႔ရာ ၿမိဳ႕တစ္ၿမိဳ႕ပင္ ျဖစ္သည္။ `ယခုၿမိဳ႕ကို´ ရာေမာင္ျမစ္၏ လက္ဝဲဖက္၊ က်ိန္းေတာင္၏ အေရွ႕ဖက္ရွိ ေတာင္ေျခေအာက္တြင္ အဂၤလိပ္တို႔က တည္ထားခဲ႔သည္။ ၁၈၆၇ - ခုနွစ္တြင္ ၿမိဳ႕ျဖစ္လာသည္။ ခရီးလမ္းဆံုၿမိဳ႕ျဖစ္၍ စည္ပင္သည္။ သို႔ေသာ္ ျမစ္ကမ္းနဖူးမွာ နွစ္စဥ္ ေရတိုက္စားမႈကို ခံေနရသည္။
ၿမိဳ႕ေပၚလူဦးေရမွာ (၂၃၂၅၈) ဦးရွိကာ ၿမိဳ႕အက်ယ္မွာ (၀.၆၀) စတုရန္းမိုင္ ရွိသည္။ ၿမိဳ႕နယ္တစ္ ခုလံုးတြင္ လူဦးေရ (၁.၈၅) သိန္းေက်ာ္ရွိကာ ဧရိယာ (၁၃၃၈.၄၆) မိုင္ က်ယ္ဝန္းသည္။ ေက်းရြာအုပ္စု (၆၂) စုနွင့္ ရြာေပါင္း (၂၄၆) ရြာ ရွိသည္။ ရခိုင္၊ ဒိုင္းနက္၊ မရမာႀကီး၊ ခ်င္းတို႔ ေနထိုင္သည္။
အေရွ႕ဖက္တြင္ ေတာေတာင္ထူသည့္ ရခိုင္ရိုးမေတာင္ႀကီး ရွိသည္။ ႀကိဳးဝိုင္း/ျပင္ ကာကြယ္ေတာမွာ (၈၆.၄၉) စတုရန္းမိုင္ ရွိသည္။ ေတာင္ဖက္တြင္ ျမစ္ေခ်ာင္းေပါသည္။ စပါးစိုက္ဧရိယာမွာ (၁၃၃.၀၈ ) စတုရန္းမိုင္ ရွိသည္။ ရိကၡာဖူလံုမႈသည္ (၂၀၉) ရာခိုင္နႈန္း ရွိသည္။ ဆန္စပါးနွင့္ သစ္ဝါးလုပ္ငန္းမ်ား ရွိသည္။ ပုစြန္ကန္ (၃၀၀) နွင့္ ေမြးျမဴဧရိယာ (၆၂၅၅) ဧက ရွိသည္။ ေျမာက္ဦးမွ ပုဂံသို႔ေရာက္သည့္ ဘူးရြက္မညွိဳးလမ္းသည္ မင္းျပားနယ္မွ ျဖတ္သန္းသြားသည္။ စစ္ႀကိဳေခတ္က ရခိုင္တိုင္းလံုးဆိုင္ရာ တိုင္းရင္းသား အစည္းအရံုး၏ ပထမဆံုးေသာ ညီလာခံကို မင္းျပားၿမိဳ႕၌ ၁၉၃၉ - ခု၊ ေမလ (၂/၃) ရက္တို႔တြင္ က်င္းပခဲ႔သည္။ က်ိန္းေတာင္ေစတီ၊ ဂရင္ဂ်ိဳင္၊ ရာေမာင္ႀကိဳးတံတားတို႔မွာ ထင္ရွားသည္။
12. ေျမပံု
ေျမပံုၿမိဳ႕သည္ ၾကတ္စင္ကြ်န္း၏ ေတာင္ဖက္အဆံုး၊ ေျမပံုျမစ္၏ လက္ဝဲဖက္တြင္ တည္ရွိသည္။ ၁၈၆၃ - ခုနွစ္တြင္ ေျမပံုၿမိဳ႕ ျဖစ္လာသည္။ ၿမိဳ႕တည္အရပ္ရွိ ေျမမ်ားသည္ ပူေနသျဖင့္ ေျမပူဟု ေခၚရာမွတစ္ဆင့္ ေျမပံုဟု ေျပာင္းလဲေခၚေဝၚလာၾကသည္။ ၿမိဳ႕၏ အေနာက္ဖက္တြင္ (၄၅၄) ေပျမင့္သည့္ ေခါစာေတာင္တန္းငယ္ရွိသည္။ ၿမိဳ႕ေျမာက္ဖက္ရွိ `ကံသာမီးေတာင္´ ရွိသည္။ `အငူေမာ္´ ေစတီမွာ အထင္ကရ ျဖစ္သည္။ ေရလမ္းခရီး လမ္းဆံုက်ၿပီး ေရလုပ္ငန္း ျဖစ္ထြန္းသည္။
ၿမိဳ႕ဧရိယာသည္ (၀.၄၉) စတုရန္းမိုင္ ရွိကာ လူဦးေရ (၁၅၅၆၄) ဦးနွင့္ ရပ္ကြက္(၉) ခု တည္ရွိသည္။ ၿမိဳ႕နယ္၏ဧရိယာမွာ (၉၄၂.၁၂) စတုရန္းမိုင္ ရွိကာ လူဦးေရ (၁.၁၉) သိန္းေက်ာ္ ရွိသည္။ ေက်းရြာအုပ္စု (၅၁) စုနွင့္ ရြာငယ္ (၁၃၉) ရြာ တည္ရွိသည္။ တရပ္တစ္ေက်းသို႔ ထြက္ခြာသူမ်ားသျဖင့္ လူေန က်ဲပါးသည္။
ေျမပံုၿမိဳ႕နယ္ကို ၁၈၈၃ - ခုနွစ္တြင္ မင္းျပားၿမိဳ႕နယ္မွ တိုက္နယ္ (၄) ခု၊ ေက်ာက္ျဖဴၿမိဳ႕နယ္မွ တိုက္နယ္ (၃) ခု၊ အမ္းၿမိဳ႕နယ္မွ တိုက္နယ္(၃) ခုတို႔ျဖင့္ ဖြဲ႔စည္းခဲ့ျခင္း ျဖစ္သည္။ အေရွ႕ဖက္တြင္ ေတာေတာင္ထူၿပီး ကြ်န္းစဥ္/တန္း ေပါသည္။ ကြ်န္းႀကီး (၄၄) ကြ်န္း၊ ကြ်န္းငယ္ (၇၆) ကြ်န္း ပါဝင္သည္။ ႀကိဳးဝိုင္း/ျပင္ ကာကြယ္ေတာမွာ (၇၉.၁၉) စတုရန္းမိုင္ ရွိသည္။ ဒီေရေတာ (၂၉၃.၂၃) စတုရန္းမိုင္ ရွိသည္။ ရခိုင္ျပည္တြင္ ဒီေရေတာ အမ်ားဆံုးရွိသည့္ ၿမိဳ႕နယ္ျဖစ္ကာ `ထင္း´ထြက္မႈမ်ားသည္။
စပါးစိုက္ဧရိယာ (၆၈) စတုရန္းမိုင္ ရွိသည္။ ဆန္စပါး၊ ငါး/ငါးေျခာက္နွင့္ သစ္ေတာလုပ္ငန္းမ်ား အဓိကက်သည္။ ဆန္စပါးဖူလံုမႈမွာ (၁၄၅) ရာခိုင္နႈန္း ရွိသည္။ ပုစြန္ကန္ (၅၂၂) ကန္နွင့္ ေမြးျမဴဧက (၁၃၈၇၄) ဧက ရွိသည္။`ကြ်န္းေခ်ာင္းကြ်န္း´မွာလည္း ထင္ရွားပါသည္။
၁၉၄၂ - ခုနွစ္ ကုလား-ရခိုင္ ပဋိပကၡသည္ ေျမပံုၿမိဳ႕နယ္၊ ေခ်ာင္းႀကီးရြာသူႀကီးကို ကုလားရြာမွ ကုလားမ်ားက လာေရာက္ခုတ္သတ္မႈျဖင့္ စတင္သည္။ ၎ျဖစ္စဥ္တြင္ ရြာသူႀကီးပါ ညီအစ္ကိုသံုးဦး၊ လယ္သူရင္းငွားတစ္ဦး၊ ေပါင္းေလးဦး ေသဆံုးသည္။ ရြာသူႀကီး၏ အေမက ရြာသူႀကီး၏ သားသမီး နွစ္ဦးနွင့္အတူ ၿခံဳပုတ္တစ္ခုထဲတြင္ ပုန္းေနရင္း သားသံုးဦးနွင့္ လယ္သူရင္းငွားအသတ္ခံေနရသည္ကို ဤအတိုင္း ထိုင္ၾကည့္ေနရသည္။ တစ္ခုခုလုပ္လွ်င္ (သို႔) အသံထြက္ပါက သူသာမက ကေလးမ်ားပါ အသတ္ခံရမည္ျဖစ္၍ ျဖစ္သည္။ ကုလားမ်ားသည္ လူသတ္ၿပီး အိမ္ကိုမီးရွိဳ႕ကာ ထြက္ခြာသြားေတာ့ (ရခိုင္မ်ားလည္းလာၿပီျဖစ္၍) ရြာသူႀကီးအေမသည္ ေသေနသူသားသံုးေယာက္ကို ဖက္ငိုမေနအားဘဲ အိမ္ကိုမီးမေလာင္ရန္ ေရေလာင္းၿငိမ္သတ္ေလသည္။ ဒါမွ က်န္ရစ္သူကေလးေတြဟာ သူမ်ားအိမ္မွာ ကပ္မေနရမည္ကို။ အိမ္တြင္းပစၥည္းမ်ားနွင့္ စပါးက်ီပါ မဆံုးရွံဳးမည္ကို။ ရြာသူႀကီးမွာ ကြ်န္ေတာ့္၏ အဖိုးျဖစ္သည္။ ရြာသူႀကီးအေမသည္ ကြ်န္ေတာ့္၏အဖီးျဖစ္သည္။ က်န္ရစ္သူ ကေလးနွစ္ေယာက္မွ ေယာက်ၤားေလးသည္ ကြ်န္ေတာ္၏အေဖ ျဖစ္ပါသည္။ ကြ်န္ေတာ္သည္ နာရီစင္ကို ေျခကန္ေမြးလာသည့္ ေျမပံု+စစ္ေတြေသြး ေရာေနသူျဖစ္ပါသည္။
13. ရမ္းၿဗဲ
ရမ္းၿဗဲကြ်န္း၏ အေရွ႕ေတာင္ဖက္၊ တန္႔ေခ်ာင္းတြင္ တည္ရွိသည္။ ေတာင္ငါးလံုးရံထားသည့္ ၿမိဳ႕ျဖစ္သည္။ ယခုၿမိဳ႕ကို ၁၇၈၅ - ခုနွစ္ ဒီဇင္ဘာလတြင္ ရမ္းၿဗဲၿမိဳ႕ဝန္က တည္ခဲ႔သည္။ ၿမိဳ႕အေရွ႕ဖက္ `ေဒါရထ´မွာ သေဘၤာဆိပ္အရပ္ ျဖစ္သည္။ ယခုအခါ ရမ္းၿဗဲသည္ ကားလမ္းေပါက္ေနၿပီ ျဖစ္သည္။ ကားျဖင့္ ေက်ာက္ျဖဴ၊ မအီမွတစ္ဆင့္ စစ္ေတြ၊ ေတာင္ကုတ္ၿမိဳ႕မ်ားသို႔ သြားလာနိုင္ပါၿပီ။
ရမ္းၿဗဲၿမိဳ႕ဧရိယာမွာ (၀.၃၂) စတုရန္းမိုင္ ရွိကာ ရပ္ကြက္(၆) ခု၊ လူဦးေရ (၁၀၃၆၈) ဦးေနထိုင္သည္။ ၿမိဳ႕နယ္၏ဧရိယာမွာ (၅၀၆.၅၃) စတုရန္းမိုင္ရွိကာ လူဦးေရ (၁.၀၂) သိန္း ေနထိုင္သည္။ ေက်းရြာအုပ္စု (၅၀) နွင့္ ရြာငယ္ (၂၀၇) ရြာ ရွိသည္။ ေနရာသစ္ ရွာသူမ်ား၍ လူေနႀကဲသည္။ ႀကိဳးဝိုင္း/ျပင္ ကာကြယ္ ေတာမွာ (၁၆၅.၇၀) စတုရန္းမိုင္ ရွိသည္။ ဒီေရေတာသည္ (၁၂၂.၈၂) စတုရန္းမိုင္ ရွိသည္။ ဆန္စပါး၊ ေဆးရြက္ႀကီး၊ ငါးဖမ္းျခင္း၊ ဆားထုတ္ျခင္း ျပဳလုပ္ၾကသည္။ ပုစြန္ကန္ (၂၆) ကန္နွင့္ ေမြးျမဴဧက (၁၃၁၂) ဧက ရွိသည္။ ေလးေတာင္နယ္၊ ေက်ာက္ေခ်ာင္းနယ္တို႔မွ ေရနံထြက္သည္။
သိမ္ေတာင္၊ ကိုယ္ရံေတာင္ေစတီ၊ နားေမႊးေတာ္နွင့္ လည္ရိုးေတာ္ေစတီတို႔မွာ ထင္ရွားသည္။
ရမ္းၿဗဲၿမိဳ႕နွင့္ ပက္သက္၍ တစ္ဆက္တည္း သိထားသင့္သည့္အရာမွာ `ရမ္းၿဗဲကြ်န္း´ ျဖစ္ပါသည္။ ရမ္းၿဗဲကြ်န္းဟု အမည္တြင္ေသာ္လည္း ဤကြ်န္းတြင္ ေက်ာက္ျဖဴၿမိဳ႕နယ္လည္း ပါဝင္ေနပါသည္။
ကြ်န္းတစ္ခုလံုးတြင္ ေက်ာက္ျဖဴၿမိဳ႕နယ္ႏွင့္ ရမ္းၿဗဲၿမိဳ႕နယ္ နွစ္ခုပိုင္ ရြာေပါင္း (၄၈၀) နွင့္ လူဦးေရ သံုးသိန္းေက်ာ္ ေနထိုင္ၾကပါသည္။ ရမ္းၿဗဲကြ်န္းသည္ ရခိုင္ကမ္းေျခတြင္သာမက ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေျမာက္ကမ္းေျခ တစ္ခြင္၌ အႀကီးဆံုး ျဖစ္သည္။ ကြ်န္းဧရိယာသည္ စတုရန္းမိုင္ (၇၀၀) ေက်ာ္ခန္႔ ရွိသည္။ ကြ်န္းသည္ အေနာက္ေျမာက္မွ အေရွ႕ေတာင္သို႔ မိုင္ (၅၀) မွ် သြယ္တန္းေနကာ ကြ်န္း၏အလယ္၌ မိုင္ (၂၀) မွ်အထိ ေတာင္ဖက္သို႔ ခြ်န္ထြက္ကာ အနံက်ယ္သြားျပန္သည္။ ကြ်န္း၏ ေျမာက္နွင့္ အေရွ႕အရပ္တြင္ ဒီေရေရာက္ျမစ္ေခ်ာင္း ေပါမ်ားသည္။ အေနာက္ဖက္တြင္ ေတာင္ကုန္းငယ္ ေပါမ်ားသည္။ ေတာင္ဖက္ပိုင္းတြင္ ေတာေတာင္ထူသည္။
ရမ္းၿဗဲကြ်န္းရွိ အျမင့္ဆံုးေတာင္မွာ ဇီးခါးေတာင္ ျဖစ္သည္။ (၉၆၄) ေပ ျမင့္သည္။ ကြ်န္းေပၚရွိ သဘာဝသယံဇာတမ်ားမွာ ေရနံ၊ ထံုးေက်ာက္နွင့္ သံမ်ား ျဖစ္ၾကသည္။ ရမ္းၿဗဲကြ်န္းကို ဝမ္းဘဲပံု ျဖစ္ေန၍ ဝမ္းဘဲကြ်န္း၊ ရမၼာပူရ စသျဖင့္လည္း ေခၚၾကသည္။ ေရွးစာမ်ားတြင္မူ `ရမ္းျပည့္´ကြ်န္းဟုလည္း ေတြ႔ရသည္။ ဤကြ်န္းသည္ ရခိုင္ရိုးမေတာင္ေျခ၏ အေနာက္ဖက္ (၁၂) မိုင္အကြာ ပင္လယ္ထဲတြင္ တည္ရွိပါသည္။ ဤကြ်န္းနွင့္ ရိုးမေတာင္ေျခကို `ဝမ္ပိုက္ေတာ´က ဆက္ထားပါသည္။
`ဝမ္ပိုက္ေတာ´ဆိုသည္မွာ ရမ္းၿဗဲကြ်န္းနွင့္ ရိုးမေတာင္ေျခ အၾကားရွိ ဒီေရေရာက္သစ္ေတာ ျဖစ္သည္။ ရခိုင္၌ အႀကီးဆံုးေသာ ဒီေရေရာက္သစ္ေတာ ျဖစ္သည္။ (၅၆၆၃၃) ဧက က်ယ္ဝန္းသည္။ ေတာင္ဖက္တြင္ ကလိန္ေတာင္ျမစ္၊ ေျမာက္ဖက္တြင္ သံစစ္ျမစ္တို႔ စီးဆင္းေနကာ ၎ျမစ္နွစ္ခုသည္ ဒီေရေရာက္သစ္ေတာကို ျဖတ္ကာ ဆက္သြယ္ေနသည့္ ျပြန္ေပါက္မ်ားစြာ ရွိေနျပန္သည္။ ဤေတာကို ျဖတ္၍ပင္ ေက်ာက္ျဖဴ-ရန္ကုန္ ကားလမ္းကို ေဖာက္လုပ္ထားျပန္သည္။
14. မာန္ေအာင္
ေရွးရခိုင္သမိုင္းဝင္ ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္သည္။ ၿမိဳ႕ဝန္ေခတ္ အစပိုင္း၌ သီးျခားမဟုတ္ဘဲ ရမ္းၿဗဲၿမိဳ႕ထဲတြင္ ေခတၱမွ် ပါဝင္ဖူးသည္။ ၿမိဳ႕သည္ မာန္ေအာင္ကြ်န္း၏ အေရွ႕ေျမာက္ ဟုန္းေခ်ာင္း၏ လက္ယာကမ္းတြင္ တည္ရွိသည္။ ၁၈၈၂ - တြင္ ၿမိဳ႕ျဖစ္လာသည္။ သြားလာေရးမွာ `ေရလမ္းတစ္ခုတည္းသာ´ ရွိသည္။ ၁၉၇၀ - ဝန္းက်င္က ေလယာဥ္အငယ္စားျဖင့္ ေျပးဆြဲခဲ႔ဖူးသည္။
ၿမိဳ႕ေပၚဧရိယာသည္ (၀.၇၅) စတုရန္းမိုင္ရွိကာ ရပ္ကြက္(၅) ခု လူဦးေရ (၄၆၇၇) ဦးသာ ရွိသည္။ ၿမိဳ႕နယ္ဧရိယာကေတာ့ (၂၀၂.၀၄) စတုရန္းမိုင္ က်ယ္ဝန္းကာ လူဦးေရ (၇၁၀၆၆) ဦး ရွိသည္။ ေက်းရြာအုပ္စု (၃၆) စု၊ ရြာေပါင္း (၁၃၈) ရြာ ရွိသည္။ ေျပာင္းေရႊ႕ေနထိုင္ၾကသူမ်ား၍ လူေနႀကဲသည္။ ဆန္းစပါးစိုက္ဧရိယာ (၄၂.၈၆) စတုရန္းမိုင္ ရွိသည္။ ဒီေရေတာမွာ (၃.၈၁) စတုရန္းမိုင္ ရွိသည္။ ပုစြန္ကန္ (၃၂) ကန္၊ ေမြးျမဴဧရိယာ (၅၇၈) ဧက ရွိသည္။
စပါး၊ အုန္း၊ ေဆးရြက္ႀကီး၊ ငါးဖမ္းျခင္းတို႔ အဓိကလုပ္သည္။ ဘုရားႀကီး၊ ဘူးေတာင္းကြဲဘုရား၊ ကြ်န္းရွင္မနတ္ကြန္း၊ ေတာင္နီေတာင္တို႔မွာ ထင္ရွားသည္။
မာန္ေအာင္ၿမိဳ႕အေၾကာင္းကို တင္ျပရင္း တစ္ဆက္တည္း သိထားသင့္သည္မွာ `မာန္ေအာင္ကြ်န္း´ အေၾကာင္းျဖစ္သည္။
မာန္ေအာင္ကြ်န္းကို ေမဃဝတီ၊ ေမဃဒီပ၊ နာဂဒီပ၊ စတူပါ၊ ျပႆဒ္၊ ေဗာင္တူ၊ ကြ်န္းသာယာ၊ မိန္းမလွကြ်န္းဟုလည္း ေခၚသည္။ ကြ်န္းသူအမ်ားစုသည္ အသားအေရ စိုေျပလွပၾက၍ `မိန္းမလွကြ်န္း´ ဟု ေခၚတြင္ဟန္ ရွိသည္။ အခ်ိဳ႕က မာန္ေအာင္ၿမိဳ႕မွ ငါးမိုင္အကြာရွိ `မင္းဆိပ္ျပင္´ရြာသူမ်ား၏ လွပမႈကို အစြဲျပဳ၍ ေခၚဆိုတာဟု ေျပာၾကသည္။
မာန္ေအာင္ကြ်န္းသည္ စတုဂံပံုသ႑ာန္ ျဖစ္သည္။ ရခိုင္ကမ္းရိုးတန္းတြင္ ဒုတိယအႀကီးဆံုးကြ်န္း ျဖစ္သည္။ အေရွ႕ေျမာက္ဖက္ရွိ ရမ္းၿဗဲကြ်န္နွင့္ ၁၀မိုင္ခန္႔သာ ေဝးသည္။ စတုရန္းမိုင္ (၁၉၇.၈၄) မိုင္ က်ယ္ဝန္းသည္။ မာန္ေအာင္ကြ်န္း၏ ေျမမ်က္နွာျပင္သည္ လိပ္ခံုးပံုသ႑ာန္ ျဖစ္ေနသည္။ ကြ်န္း၏ ေတာင္ဖက္ပိုင္းသည္ ကုန္းျမင့္ျဖစ္ၿပီး `ပုလဲငူေတာင္´မွာ အျမင့္ဆံုးျဖစ္ကာ (၈၄၉) ေပျမင့္သည္။ ထင္ရွားသည့္ ေတာင္နီေတာင္သည္ (၆၄၆) ေပ ျမင့္သည္။ ကြ်န္း၏ ေတာင္္နွင့္အေနာက္ဖက္တို႔တြင္ ရွည္လ်ားျပန္႔ျပဴးသည့္ ကမ္းေျခမ်ားလည္း ရွိၾကသည္။
ဤကြ်န္းသည္ ပင္လယ္ေရျပင္အထက္ `ေျခာက္ေပ´သာ ျမင့္သည္။ပူအိုက္စြတ္စိုကာ တစ္နွစ္လွ်င္ မိုးေရခ်ိန္လက္မ (၂၀၀) အထိ ရြာသြန္းသည္။ အဓိကေခ်ာင္းမွာ ဟုန္းေခ်ာင္းျဖစ္သည္။ မာန္ေအာင္ကြ်န္း တြင္ ကြ်န္းရံမ်ားအျဖစ္ ရဲကြ်န္း၊ တိုက္ကြ်န္း၊ ဗီကန္မီျပကြ်န္းတို႔လည္း ရွိၾကသည္။
(ဇာတ္နိပါတ္ေတာ္မ်ားအရ) ျမတ္စြာဘုရားသည္ ဤကြ်န္း၌ မင္းတစ္ပါး ျဖစ္ခဲ႔သည္။ စမၸဝက္ၿမိဳ႕ရွိ မိုးႀကိဳးကန္ကိုေစာင့္ေသာနဂါးသည္ ေနာက္ဆံုးတြင္ ဤကြ်န္းကို ေျပးခဲ႔ရၿပီး ျပည္သူတို႔၏ အက်ိဳးစီးပြားကို ေဆာင္လွ်က္ေနေလ၏ဟု အဆိုရွိသည္။
မာန္ေအာင္ကြ်န္း၏ ကြ်န္းပတ္လမ္းသည္ (၅၁) မိုင္ရွည္ကာ ၁၉၉၁ခုနွစ္တြင္ ေဖာက္လုပ္သည္။ ပတ္လမ္းတြင္ တံတားနွင့္ ေရထုတ္ျပြန္ (၂၁၀) ပါဝင္သည္။
15. ေက်ာက္ျဖဴ
ရမ္းၿဗဲကြ်န္း၏ ေျမာက္ဖက္အဆံုးတြင္ တည္ရွိသည္။ အဂၤလိပ္တို႔က ခရိုင္ရံုးစိုက္ရာ အမ္းၿမိဳ႕သည္ က်န္းမာေရးနွင့္ မညီညြတ္ျခင္း၊ ခရီးေဝးျခင္းတို႔ေၾကာင့္ ၁၈၃၈ - ခုနွစ္တြင္ `တံငါရြာ`ငယ္ကို ၿမိဳ႕အျဖစ္ တည္ေထာင္သည္။ ယင္းအခ်ိန္မွစ၍ ခရိုင္ၿမိဳ႕ ျဖစ္လာသည္။ၿမိဳ႕ေဟာင္းအရပ္ရွိ အျဖဴေရာင္ေက်ာက္တံုး ႀကီးကို အစြဲျပဳ၍ ေက်ာက္ျဖဴဟု ၿမိဳ႕အမည္တြင္လာသည္။
ရာဇဝင္အဆိုမ်ားအရ `ေကာတံုကရာဇ္´ျပည္ (ေဂါတံုကရစ္ျပည္)ကို နဂါးတို႔ ေရလႊမ္းသြားေအာင္ ဖ်က္စီးၿပီးေနာက္ ေရက်သြားသည့္အခါ ေက်ာက္ျဖဴမ်ားသည္ ေပၚလာသည္ ဆို၏။
ၿမိဳ႕မတည္မွီ ၁၈၂၈ - ခန္႔တြင္ သံတြဲ၊ ရမ္းၿဗဲ၊ မာန္ေအာင္တို႔ရွိ အဂၤလိပ္တပ္မ်ားကို ေက်ာက္ျဖဴသို႔ ေရႊ႕ေျပာင္းစခန္းခ်သည္။ ဤတပ္သည္ ၁၈၅၀ျပည့္နွစ္အထိ ရွိေနခဲ႔သည္။ ၁၈၈၅ - တြင္ ျမဴနီစပါယ္ အုပ္ခ်ဳပ္ေရးၿမိဳ႕ ျဖစ္လာသည္။ ေက်ာက္ျဖဴမွ ရမ္းၿဗဲသို႔ (၄၈) မိုင္ကြာ ကားလမ္းရွိသည္။ ၿမိဳ႕ေပၚတြင္ ဆရာအတတ္သင္ေက်ာင္း၊ ေလဆိပ္၊ ပင္လယ္ကူးသေဘၤာဆိပ္တို႔ ရွိသည္။
ၿမိဳ႕ေပၚဧရိယာမွာ (၀.၆၀) စတုရန္းမိုင္ ရွိကာ ရပ္ကြက္(၁၀) ခု၊ လူဦးေရ (၂၄၃၈၄) ဦးရွိသည္။ ၿမိဳ႕နယ္ဧရိယာသည္ (၆၇၈.၃၅) စတုရန္မိုင္ က်ယ္ဝန္းကာ ေက်းရြာအုပ္စု (၅၄) စု၊ ရြာေပါင္း (၂၆၆) ရြာ၊ လူဦးေရ (၁.၅၄) သိန္းေက်ာ္ ေနထိုင္သည္။ ရပ္ေဝးသို႔ ေျပာင္းေရႊ႕သူမ်ားေၾကာင့္ လူဦးေရတိုးတက္မႈ ေနွးေကြးသည္။
ႀကိဳးဝိုင္/ျပင္ ကာကြယ္ေတာမွာ (၃၂) စတုရန္းမိုင္ ရွိသည္။ ဒီေရေတာက (၇၄.၈၆) စတုရန္းမိုင္ ရွိသည္။ ဆန္စပါးစိုက္ဧရိယာ (၆၈.၈၉) စတုရန္းမိုင္ ရွိသည္။ ေရလုပ္ငန္းမွာ အဓိက ျဖစ္သည္။ ပုစြန္ကန္ (၂၂၆) ကန္၊ ေမြးျမဴဧရိယာ (၈၀၄၅) ဧက ရွိသည္။ ကြ်န္းစဥ္၊ ကြ်န္းတန္း ေပါလွသည္။ ကြ်န္းစုေပါင္း (၇၁) ကြ်န္းရွိကာ မရဇိုင္းကြ်န္း၊ တန္းခါးရိုးကြ်န္း၊ ေနာင္ေတာ္ပင္လယ္ တို႔မွာ ထင္ရွားသည္။
အျခားထင္ရွားေသာ ေနရာမ်ားမွာ ေက်ာက္တစ္လံုးဂူ၊ ကံ႔ေကာ္ေတာဘုရား၊ ေက်ာက္ျဖဴ- တရုတ္ ဓာတ္ေငြ႔ပိုက္လိုင္း၊ ေရနက္ဆိပ္ကမ္းတို႔ ျဖစ္သည္။
ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းသည္ ျမန္မာနိုင္ငံ၌ အႀကီးဆံုးေသာ သဘာဝဆိပ္ကမ္းျဖစ္သည္။ သဲေသာင္ေပၚထြန္းမႈ လံုးဝမရွိဘဲ ေရနက္လြန္းသျဖင့္ ၁၉၂၀ - ခုနွစ္က ၿဗိတိသွ်ေရတပ္ သေဘၤာအုပ္စု တစ္ခုလံုးပင္ ဝင္ေရာက္နားခိုနိုင္ေၾကာင္း ေမာရစ္ေကာလိစ္က မွတ္တမ္းတင္ ေရးသားခဲ႔သည္။ ၂၀၁၄ - ခု ဧၿပီလ (၂၇) မွ ေမလ (၁) ရက္ေန႔ထိ `လံုၿခံဳ၊ ၿငိမ္းခ်မ္း၊ ဖြံ႔ၿဖိဳးရန္´ ရည္ရြယ္ခ်က္ျဖင့္ ေက်ာက္ျဖဴ ညီလာခံ က်င္းပခဲ႔သည္။ ရခိုင္ေရးရာ မူဝါဒမ်ားအတြက္ (၉၁) ခ်က္ကို ဘံုေဘာတူ ခ်မွတ္နိုင္ခဲ႔သည္။
16. ေတာင္ကုတ္
ေတာင္ကုတ္ေခ်ာင္းဝ (၁၂) မိုင္ကြာေဝးသည့္ ေနရာတြင္ ေခ်ာင္းလက္ယာဖက္ကမ္း၌ တည္ရွိသည္။ ဆိပ္ကမ္းနွင့္ၿမိဳ႕သည္ နွစ္မိုင္ေဝးသည္။ ေတာင္ကုတ္ေတာင္ႀကားလမ္းေၾကာင့္ စည္ပင္တိုးတက္သည္။ ရခိုင္နွင့္ ဧရာဝတီျမစ္ဝွမ္းထြက္ကုန္မ်ား အပါအဝင္ ျပည္မတစ္လႊားရွိ ကုန္စည္မ်ားကို အဓိကဖလွယ္ရာ စခန္းၿမိဳ႕ျဖစ္သည္။
၁၈၆၄ - ခုနွစ္တြင္ ယခုၿမိဳ႕ကို တည္ခဲ႔သည္။ ၿမိဳ႕ေဟာင္းအရပ္သည္ ယခုၿမိဳ႕၏ သံုးမိုင္ခန္႔အကြာတြင္ တည္ရွိသည္။ ၿမိဳ႕ေျမာက္ဖက္တြင္ ၂၀၁၂ - ခု ဒီဇင္ဘာလ (၁၇) ရက္ေန႔က ဖြင့္လွစ္ခဲ႔သည့္ ေတာင္ကုတ္ေကာလိပ္ ရွိသည္။ နွစ္နွစ္သင္ေကာလိပ္ ျဖစ္သည္။
ၿမိဳ႕ေပၚဧရိယာမွာ (၀.၇၂) စတုရန္းမိုင္၊ ရပ္ကြက္(၄) ခု၊ လူဦးေရ (၂၅၁၀၂) ဦး ရွိသည္။ ၿမိဳ႕နယ္ ဧရိယာက (၁၉၀၆.၆၂) စတုရန္းမိုင္ က်ယ္ဝန္းကာ၊ ေက်းရြာအုပ္စု (၄၂) စု၊ ရြာေပါင္း (၁၄၅) ရြာ၊ လူဦးေရ (၁.၀၃) သိန္းေက်ာ္ ေနထိုင္သည္။ ရပ္ေဝးသို႔ ေျပာင္းေရႊ႕ထြက္ခြာသူ မ်ားသျဖင့္ လူေနႀကဲ သည္။ အဓိက စီးပြားေရးမွာ ဆန္စပါး၊ ငါးနွင့္ သစ္ဝါးတို႔ ျဖစ္သည္။ ၿမိဳ႕၏ အေရွ႕ဖက္တြင္ ေတာေတာင္ထူထပ္ၿပီး ႀကိဳးဝိုင္း/ျပင္ ကာကြယ္ေတာမွာ (၄၀၁.၉၁) စတုရန္းမိုင္ ရွိသည္။ အေနာက္ဖက္တြင္ ဒီေရ ေရာက္ ျမစ္ေခ်ာင္း ေပါမ်ားသည္။ ဒီေရသစ္ေတာက (၁၄၃.၉၀) စတုရန္းမိုင္ ရွိသည္။ မ အီၿမိဳ႕နယ္ခြဲ မပါဘဲ စပါးစိုက္ဧရိယာ (၆၅.၅၆) စတုရန္းမိုင္၊ ပုစြန္ကန္ ၁၁ကန္နွင့္ ေမြးျမဴဧရိယာ (၅၈၉) ဧက ရွိသည္။
ေတာင္ကုတ္မွ ျပည္၊ ရန္ကုန္၊ မအီ၊ အမ္း၊ စစ္ေတြ၊ သံတြဲ၊ ေက်ာက္ျဖဴ တို႔သို႔ ကားလမ္းေပါက္သည္။ ေဖာင္ေတာ္ဦးေစတီ၊ ေသးခံေတာင္ေစတီ၊ ပန္းေမ်ာက္ေတာင္ေစတီ၊ က်ီးျပင္ဘုရား၊ ကလိန္ေတာင္ျမစ္၊ ေခါင္းေလာင္းတူ၊ ေနပူေတာင္တို႔မွာ ထင္ရွားသည္။`ကလိန္ေတာင္ျမစ္´သည္ အေနာက္ဖက္နယ္ျခား မ်ဥ္း ျဖစ္သည္။
17. သံတြဲ
ရခိုင္ေတာင္ပိုု္င္း၊ သံတြဲေခ်ာင္းဝရွိ ေတာင္ကုန္းေပါေသာ အရပ္တြင္ တည္ရွိသည္။ ပါဠိအမည္မွာ ဒြါရာဝတီ ျဖစ္သည္။ ေရွးအဆက္ဆက္ကပင္ အေရးပါသည့္ ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္သည္။ ရခိုင္တြင္ `ၿမိဳ႕သက္အရွည္ဆံုး´ ၿမိဳ႕တစ္ခုအျဖစ္ ထင္ရွားဆဲျဖစ္သည္။`ဝါသုေဒဝ´ညီေနာင္တို႔က ၿမိဳ႕ကိုတိုက္ခိုက္ သည့္အခါ ၿမိဳ႕သည္ ေလေပၚပ်ံဝဲ မတက္ေရာက္ မေပ်ာက္ကြယ္ေစရန္ သံႀကိဳးျဖင့္ ခ်ိတ္ဆြဲကာ တိုက္ခိုက္ခဲ႔မွ ေအာင္ျမင္ခဲ႔သည္ကို အေၾကာင္းျပဳ၍ `သံတြဲ´ဟု အမည္ရလာသည္။
ေတာင္ကုတ္နွင့္ ဂြၿမိဳ႕တို႔သို႔ ကားလမ္းေပါက္သည္။ ေလယာဥ္ကြင္းမွာ `မဇင္´အရပ္တြင္ ရွိသည္။ သေဘၤာဆိပ္မွာ ၿမိဳ႕ေတာင္ဖက္ရွိ `သျပဳခ်ိဳင္´ အရပ္တြင္ ရွိသည္။ ယခင္က သံတြဲၿမိဳ႕စား/ သံတြဲမင္းဟူ၍ ခန္႔ထားအုပ္ခ်ဳပ္သည္။ ၁၈၈၅ - တြင္ ျမဴနီစပါယ္ အုပ္ခ်ဳပ္ေရးၿမိဳ႕ ျဖစ္သည္။ ၿမိဳ႕ဧရိယာမွာ (၁.၃၇) စတုရန္းမိုင္ရွိကာ ရပ္ကြက္(၈) ခု၊ လူဦးေရ (၁၈၃၂၇) ဦး ရွိသည္။
ၿမိဳ႕နယ္ဧရိယာက (၁၃၆၀.၁၆) စတုရန္းမိုင္ ရွိကာ၊ ေက်းရြာအုပ္စု (၆၃) စု၊ ရြာ (၂၆၂) ရြာ ရွိသည္။ ၿမိဳ႕၏ အေနာက္ဖက္ ေလးမိုင္ခန္႔အကြာတြင္ `ငပလီ´ကမ္းေျခ ရွိသည္။
သံတြဲသည္ ေတာေတာင္ထူထပ္ၿပီး ကမ္းေျမာင္လြင္ျပင္ က်ဥ္းသည္။ ႀကိဳးဝိုင္း/ျပင္ ကာကြယ္ေတာမွာ (၃၆၆.၆၅) စတုရန္းမိုင္ ရွိသည္။ `ရခိုင္ဆင္ေဘးမဲ႔ေတာ´တြင္ ဤၿမိဳ႕နယ္မွ (၃၈၄.၆) စတုရန္းမိုင္ ပါဝင္သည္။ လယ္ယာဥယ်ာဥ္ စိုက္ပ်ိဳးျခင္း၊ ငါးဖမ္းျခင္း၊ သစ္ထုတ္လုပ္ျခင္းမ်ား ရွိသည္။ စပါးစိုက္ဧရိယာ (၇၂) စတုရန္းမိုင္ ရွိသည္။ ပုစြန္ကန္ (၄၉) ကန္နွင့္ ေမြးျမဴဧရိယာ (၇၄၄) ဧက ရွိသည္။
ဆံေရႊဆံေတာ္၊ ေရႊအံေတာ္၊ ေရႊနံေတာ္၊ ငပလီတို႔မွာ ထင္ရွားသည္။ ေရွးယခင္ေခတ္ကာလ၌ `သံတြဲနယ္ဓာတ္တက္ပြဲ´ဆိုကာ ဆံေတာ္၊ နံေတာ္၊ အံေတာ္ေစတီတို႔တြင္ သံတြဲသူ/သားမ်ားသည္ တစ္နွစ္လွ်င္ သံုးႀကိမ္က် ဘုရားတစ္ပါးစီ၌ ညအိပ္ကာ ဘာဝနာရွဳ ကုသိုလ္ျပဳၾကသည္။ ၁၉၁၁ - ခု ဝန္းက်င္မွစ၍ ဤဓေလ့သည္ တိမ္ေကာေပ်ာက္ကြယ္ ခဲ႔ေလသည္။
ငပလီသည္ ျမန္မာနိုင္ငံတြင္ အထင္ရွားဆံုးနွင့္ သက္တမ္းအရွည္ဆံုး ပင္လယ္ကမ္းေျခ အပန္းေျဖစခန္း ျဖစ္သည္။ ငါးမိုင္ခန္႔ ရွည္သည္။ ကမ္းေျခတစ္ေလွ်ာက္လံုးတြင္ စိမ္းလန္းစိုေျပသည့္ အုန္းပင္တန္းမ်ားရွိျခင္း၊ ကယ္းေျခသဲျဖဴေနေစရန္ ခရုခြံသဲရြရြမ်ားရွိျခင္း၊ ကမ္းဦးေရတိမ္ေျပျပစ္ၿပီး ပင္လယ္ဖက္သို႔ လွိဳင္းမဆြဲျခင္း၊ ငမန္းလိပ္ေက်ာက္ စသည့္ အႏၲရာယ္ေကာင္မ်ား မရွိျခင္း၊ ပင္လယ္ ေရျပင္သည္ ၾကည္လင္ေနျခင္းတို႔ေၾကာင့္ ထင္ရွားကာ ဤအရာမ်ားအားလံုးသည္ ဥေရာပတိုက္ရွိ `ေနပလီ´ကမ္းေျခနွင့္ တူေနေသာေၾကာင့္ ဥေရာပသားမ်ားက ေနပလီ ေနပလီဟု ေခၚတြင္ရာမွ `ငပလီ´ဟု ျဖစ္လာခဲ႔သည္။
သံတြဲျမစ္သည္ ရိုးမေတာင္ရွိ ေတာင္နီေတာင္မွ ျမစ္ဖ်ားခံသည္။ သံတြဲၿမိဳ႕တည္ရွိ၍ ျမစ္အမည္ တြင္သည္။ ျမစ္ဝပိုင္းမွာ ေရတိမ္သည္။ ေတာင္က်ေခ်ာင္း ပံုစံမ်ိဳး ျဖစ္သည္။ (၅၈) မိုင္မွ် ရွည္သည္။ သစ္ေတာျပဳန္းတီးမႈေၾကာင့္ ေရလႊမ္းမိုးမႈမ်ား ျဖစ္လာသည္။ ၁၉၆၂ - ခုနွစ္တြင္ တစ္ႀကိမ္ ေရႀကီးဖူး သည္။ ေနာက္ (၁၀) နွစ္ၾကာမွ တစ္ႀကိမ္ ေရႀကီးသည္။ ၂၀၀၄ - ခုနွစ္တြင္ အဆိုးဆံုး ေရႀကီးသည္။ ၎မွ ေနာက္ပိုင္းတြင္မူ တစ္နွစ္တစ္ႀကိမ္ နွစ္စဥ္ ေရႀကီးေနပါေတာ့သည္။
ဝန္ခံခ်က္။
ေအာင္လွသိန္း ေရးသားသည့္ `ရခိုင္သုတအဘိဓာန္´စာအုပ္မွထုတ္ႏုတ္ ၍ HADAYA သူရဲ့ Facebook စာမ်က္ႏွာတြင္ျပန္လည တင္ခဲ့သည့္Post မ်ားကိုစုစည္းေဝမွ်ပါသည္။
..........
Unicode Fonts

ရခိုင်ပြည်ရှိ မြို့(၁၇)မြို့များ၏ရာဇဝင်အကျဉ်း
1. စစ်တွေ
ကုလားတန်မြစ်ဝ၏ အနောက်ဖက်ကမ်းနှင့် ဘင်္ဂလားပင်လယ်အော်တို့ ဆုံရာအရပ်တွင် တည်ရှိပြီး သဘာဝပထဝီ ကျောထောက်နောက်ခံ ကောင်းသည်။ မြို့၏မြောက်ဖက်ကို ဆတ်ရိုးကျချောင်းက ပိုင်းဖြတ်ထားသည်။ ရခိုင်ပြည်၏ မြို့တော်ဖြစ်ကာ ဧရိယာအကျဉ်းဆုံးမြို့လည်းဖြစ်သည်။
တောင်နှင့်မြောက် သုံးမိုင်ခွဲ၊ အရှေ့နှင့်အနောက်က နှစ်မိုင်ခန့်ရှိသည်။ အကျဉ်းဆုံးနေရာသည် ခြောက်ဖာလုံ ရှိသည်။ မြို့ဧရိယာမှာ (၃.၃၄) စတုရန်းမိုင် ရှိသည်။ `မြို့ပေါ်တွင်´ လူဦးရေ (၁.၂၇) သိန်းကျော် နေထိုင်သည်။ စစ်တွေမြို့နယ် တစ်ခုလုံး၏ လူဦးရေမှာမူ (၂.၃၃) သိန်း ရှိပါသည်။
ဒုတိယကမ်ဘာစစ်ကြီး မဖြစ်မီ စစ်တွေမှ ဆန်တန်ချိန် တစ်သိန်းကျော်အထိ နှစ်စဉ်တင်ပို့နေသဖြင့် ဆန်မြို့ဟုလည်း အမည်တွင်ခဲ့သည်။
ရန္တပိုစာချုပ်အရ အင်္ဂလိပ်တို့ ရခိုင်ကိုသိမ်းပြီးသောအခါ မြောက်ဦးမြို့သည် အနေအထား မကောင်းတော့သဖြင့် ၁၈၃၆ - ခုနှစ်တွင် စစ်တွေကို တည်ထောင်သည်။ `စစ်တဲကြီး´တစ်ခု ရှိခဲ့သည်ကို အစွဲပြု၍ စစ်တွေဟုတွင်လာသည်။ အာကျပ်ကုန်းရှိ အာကျပ်တော်စေတီကို အစွဲပြု၍ အင်္ဂလိပ်တို့က အာကျပ် (AKYAB)ဟု ခေါ်ကြသည်။
စစ်တွေမြို့နယ်ဧရိယာ၏ (၃၅) ရာခိုင်နှုန်းမှာ ဆန်စပါးစိုက်ပျိုးသည်။ သစ်တောဧရိယာ မရှိပါ။ ပုဇွန်ကန် (၄၂၆) ကန်နှင့် မွေးမြူရေးဧရိယာ (၄၈၉၀) ဧကရှိသည်။ အဓိကထွက်ကုန်မှာ ဆန်စပါး၊ ငါးနှင့် ရခိုင်လုံချည်တို့ ဖြစ်သည်။
စစ်တွေအနောက်ဖက်ရှိ ပေ (၂၀) ခန့်မြင့်သည့် တောင်ကုန်းငယ်တစ်ခုသာ အမြင့်ဆုံးကုန်းမြင့် ဖြစ်ပါ သည်။ ကျေးရွာအုပ်စု (၂၇) စုနှင့် ကျေးရွာငယ် (၈၇) ရွာရှိပါသည်။ ကန်တော်ကြီး၊ ဘုရားကြီး၊ ဧစေတီ၊ သလုံးတော်ဓာတ်စေတီ၊ လောကာနန္ဒာစေတီ၊ မင်းကြီးကျောက်တန်း၊ ရှုခင်းသာလမ်း၊ ပွိုင့်၊ စစ်တွေဟော်တယ်ရှေ့ကမ်းခြေ၊ နန္ဒာဝန်ဥယျာဉ်တို့မှာ ထင်ရှားသည်။
2. ပုဏ္ဏားကျွန်း
ကုလားတန်မြစ်၏ လက်ဝဲဖက်အရပ်တွင် တည်ရှိသည်။ ၁၉၀၅ - ခုနှစ်တွင် မြို့ဖြစ်လာသည်။ ၁၈၆၈ - လေမုန်တိုင်းကြီးကြောင့် မူလရုံးစိုက်ရာ တန်ခိုးရွာကြီးမှ ပြောင်းရွှေ့လာကာ နည်ထောင်ခြင်းဖြစ်သည်။ မြို့သည် ပင်လယ်ရေပြင်အမြင့် (၈) ပေတွင် ရှိသည်။ မြို့အရပ်တွင် ရှေးအခါက ပုဏ္ဏားများနေထိုင်ခဲ့၍ ပုဏ္ဏားကျွန်းမြို့ဟု အမည်တွင်သည်။ မြို့သောက်သုံးရေအတွက် ဂူဝဆည်ကို တည်ထားကာ `မြို့ပေါ်နေ'´လူဦးရေမှာ (၁၀၆၆၆) ဦး ရှိသည်။ `မြို့နယ်တစ်ခုလုံး၏´ လူဦးရေမှာမူ (၁.၃၃) သိန်းကျော် ရှိသည်။
မြို့၏ဧရိယာအကျယ်မှာ (၀.၀၇) စတုရန်းမိုင်ဖြစ်ပြီး၊ မြို့နယ်တစ်ခုလုံး၏ အကျယ်မှာ (၄၃၉.၆၃) မိုင် ရှိသည်။ စပါးစိုက်ဧရိယာ (၉၃.၅၈) စတုရန်းမိုင် ရှိကာ၊ ပုဇွန်ကန်ပေါင်း (၄၅၃) ကန်နှင့် မွေးမြူရေးဧရိယာ (၇၄၈၁) ဧက ရှိသည်။`တောဖျားချောင်း´ဆိုသည့် ဒေသမှ ငရုပ်ကောင်း အများဆုံးထွက်သည်။
ဦးရာဇ်တော်ဓာတ်စေတီ၊ စမြုံတော်ဓာတ်စေတီ၊ ဘဲငါးရာတောင်တို့ ရှိသည်။
3. ပေါက်တော
ကျွဲကူးမြစ်၏ လက်ဝဲဖက်ကမ်းတွင် တည်ရှိသည်။ မြို့တည်မည့်အရပ်တွင် ၁၇၈၈ - ခုနှစ်မှပင် လူနေသည်။ ၁၈၉၀ - ပြည့်နှစ်တွင် မြို့ပြဖြစ်လာသည်။ `ပေါက်ပင်တော´များကို အစွဲပြု၍ မြို့အမည်တွင် သည်။ ဆန်စပါး ရေလုပ်ငန်းတို့ဖြင့် ထင်ရှားသည်။ မြို့မြောက်ဖက်ရှိ သရွေးဓာတ်တောင်စေတီမှာ အထင်ကရရှိသည်။ မြို့ပေါ်တွင် ရပ်ကွက်(၅) ခုရှိသည်။
မြို့ပေါ်နေလူဦးရေမှာ (၁၈၅၇၁) ဦးရှိကာ၊ မြို့နယ်တစ်ခုလုံးတွင် (၁.၆၇) သိန်းကျော် ရှိသည်။ မြို့ဧရိယာမှာ (၀.၁၄) စတုရန်းမိုင်ဖြစ်ကာ၊ မြို့နယ်ဧရိယာမှာ (၄၁၃.၇၄) စတုရန်းမိုင် ကျယ်သည်။ တောင်ဖက်ပိုင်းတွင် ဖရုံကာကျွန်း သုံးကျွန်းရှိကာ၊ အခြားသော ကျွန်းပေါင်း ရှစ်ကျွန်းလည်း ပါဝင်သည်။
ပေါက်တောမြို့နယ်သည် မူလက ဦးရာဇ်တောင် အရှေ့မြို့နယ်ဟု အမည်တွင်ခဲ့သည်။ ၁၈၉၀
- ပြည့်နှစ်တွင် ပေါက်တောမြို့နှင့်အတူ မြို့နယ်ဖြစ်လာသည်။
ဆံတော်ရှင်စေတီ၊ တောင်ညိုဂူ၊ ကြိမ်ခမော်ဂူ၊ နတ်တောင်ပြင်ဂူ၊ တောင်းဖူးဘုရားကြီး၊ သရွေး ဓာတ်တောင်တို့မှာ ထင်ရှားသည်။
ကျေးရွာအုပ်စု (၅၃) စု၊ ရွာငယ်(၁၆၆) ရွာ၊ စပါးစိုက်ဧရိယာ စတုရန်းမိုင် (၁၅၀)ကျော်၊ ပုဇွန်ကန် (၁၆၁၀) ကန်နှင့် မွေးမြူရေးဧရိယာ (၃၁၉၁၃) ဧက ရှိသည်။
4. ဂွ
ရခိုင်ပြည်၏ တောင်ဖက်အဆုံး၊ နယ်ခြားမျဉ်း၏မြောက်ဖက် (၁၂) မိုင်အကွာ၊ ဂွချောင်း လက်ဝဲ ကမ်းတွင် တည်ရှိသည်။ ၁၈၇၄ - တွင် မြို့ဖြစ်လာသည်။ ချောင်းခွဆုံ၊ မြစ်ခွဆုံတွင် နည်ရှိသဖြင့် `ဂွ´ဟု အမည်တွင်လာသည်။ ဧရာဝတီတိုင်းသို့ ကားလမ်းဖြင့် လွယ်ကူစွာ သွားလာနိုင်သည်။ ဂွကမ်းခြေသည် `ဂ´ငယ်ပုံရှိပြီး နှစ်မိုင်ခန့်ရှည်သည်။ (၁၇၃) ပေမြင့်သော `မင်းတောင်´သည် ထင်ရှားသည်။ အမြင့်ဆုံး တောင်မှာ (၁၈၆၈) ပေရှိသည့် ဇီးဇောင်းတောင် ဖြစ်သည်။
မြို့ဧရိယာစတုရန်းမိုင်မှာ (၀.၅၃) စတုရန်းမိုင်ဖြစ်ကာ၊ မြို့နယ်တစ်ခုလုံး၏ စတုရန်းမိုင်မှာ (၈၈၅.၁၁) ကျယ်ဝန်းသည်။ မြို့ပေါ်နေလူဦးရေသည် (၇၄၂၂) ဦးရှိပြီး၊ မြို့နယ်တစ်ခုလုံးမှာ (၃၇၃၃၉) ဦး ရှိသည်။ ပြင်ပသို့ ထွက်ခွာသူများသဖြင့် လူဦးရေတိုးတက်နှုန်း အလွန်နှေးကွေးသည်။
`ကျိန္တိလီမပါဘဲ´ ဒီရေတောမှာ (၁၂.၁၃) စတုရန်းမိုင်၊ စပါးစိုက်ဧရိယာမှာ (၁၉.၇၆) စတုရန်းမိုင် ရှိကာ ကျေးရွာအုပ်စု(၂၁) စု၊ ရွာငယ်(၁၀၄) ရွာ ရှိသည်။ လယ်ယာစိုက်ပျိုးခြင်း၊ ငါးဖမ်းခြင်း၊ အုန်းပင်နှင့် နနွင်းစိုက်ပျိုးမှုရှိသည်။ ပုဇွန်ကန် (၄)ကန်နှင့် မွေးမြူရေးဧရိယာ ဧက(၅၀) ရှိသည်။ သိမ်ကုန်းစေတီ၊ ကျိန္တိလီစေတီ၊ ကမ်းသာယာတို့မှာ ထင်ရှားသည်။
၁၈၅၃ - မှ ၁၈၆၄ - ခုနှစ်ထိ (ရခိုင်မှဖဲ့ထုတ်ကာ ပလက်ဝကဲ့သို့) ဧရာဝတီဒေသ ပုသိမ်နယ်ထဲသို့ ခေတ္တထည့်သွင်းခြင်း ခံရသေးသည်။
5. မောင်တော
နတ်မြစ်၏ အရှေ့ဖက်ကမ်းတွင် တည်ရှိသည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲတွင် မြန်မာတပ်မှ `ဗိုလ်မောင်တော´ တပ်စွဲခဲ့၍ မောင်တောဟု အမည်ရလာသည်။ မြို့ပေါ်ဧရိယာက (၀.၅၄) မိုင်ရှိကာ၊ မြို့နယ်ဧရိယာက (၆၇၈) စတုရန်းမိုင် ရှိသည်။ မြို့ပေါ်လူဦးရေက (၃၄၀၂၄) ဖြစ်ပြီး၊ မြို့နယ်တစ်ခုလုံးရှိ လူဦးရေမှာ (တောင်ပြိုလက်ဝဲမပါဘဲ) (၄.၇) သိန်းကျော် ရှိသည်။
ရခိုင်ပြည်တစ်ခုလုံးတွင် လူဦးရေအထူထပ်ဆုံး မြို့နယ်တစ်ခုဖြစ်ကာ ဘင်္ဂါလီအများစု နေထိုင်သည်။ ရခိုင်ပြည်တွင် လူဦးရေတိုးပွားမှု အမြင့်ဆုံးဒေသ ဖြစ်သည်။ မြို့ပေါ်သောက်သုံးရေအတွက် မြို့အရှေ့ ဖက် (၃) မိုင်တွင် တောင်ကြောတစ်ဖက်ပိတ် `ဆည်´ရှိသည်။
မောင်တောမြို့နယ်၏ ဧရိယာသည် မယူတောင်တန်း၏ အနောက်ဖက် တောင်ခြေတစ်လျှောက် ဖြစ်သည်။ တောတောင်ထူထပ်ပြီး သစ်၊ ဝါး ပေါသည်။ ကြိုးဝိုင်၊ ကြိုးပြင် ကာကွယ်တောမှာ (၁၃၇.၃၆) စတုရန်းမိုင် ရှိသည်။ စပါးနှင့် ငါးပုဇွန်လုပ်ငန်းသည် အဓိကဖြစ်သည်။
တောင်ပြိုလက်ဝဲမပါဘဲ ဆန်စပါးစိုက်ဧရိယာ (၉၀.၂၀) စတုရန်းမိုင်၊ ကျေးရွာအုပ်စု (၈၈) စု၊ ကျေးရွာပေါင်း (၃၇၀) ရွာ၊ ပုဇွန်ကန် (၂၁၆၉) ကန်နှင့် မွေးမြူရေးဧက (၁၄၃၄၅) ဧက ရှိသည်။ မြို့မကျောင်းရှိ မဟာကျန်ဘုရားနှင့် ဝက်ကျိန်းစေတီ၊ သရီကုန်းဘောင်စေတီ၊ ချင်းမခေါင်းတို့မှာ ထင်ရှားသည်။ ဒုတိယကမ်ဘာစစ်တွင်းက မယူတောင်တန်းကြောင့် စစ်တလင်းတစ်ခု ဖြစ်ခဲ့သည်။
၁၉၉၅ - ခု စက်တင်ဘာလ (၁၉) ရက်နေ့မှစ၍ စစ်တွေခရိုင်မှ ခွဲထုတ်ကာ မောင်တောခရိုင်ဟု သီးခြားဖွဲ့စည်းသည်။ ၁၉၉၉ -ဧပြီလ (၂၃) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ကို ထည့်သွင်းတိုးချဲ့သည်။
6. ဘူးသီးတောင်
မယူမြစ်ဝမှ (၇၅) မိုင်အကွာ၊ ကုလားပန်းဇင်းချောင်း၏ လက်ဝဲဖက်ကမ်းတွင် တည်ရှိသည်။ ၁၉၀၅ - ခုနှစ်တွင် မြို့ဖြစ်လာသည်။ တောင်ကုန်း၊တောင်ကမူများ ပေါများကာ ဘူးသီးနှင့်တူသောကြောင့် ဘူးသီးတောင်ဟု အမည်တွင်ခဲ့သည်။
မြို့ဧရိယာ (၀.၆၉) စတုရန်းမိုင်၊ မြို့နယ်ဧရိယာ (၇၇၉) စတုရန်းမိုင် ရှိသည်။ မြို့ပေါ်လူနေမှု လူဦး ရေမှာ (၁၉၉၁၄) ဦးဖြစ်ပြီး၊ မြို့နယ်တစ်ခုလုံးတွင် လူဦးရေ (၂.၉၃) သိန်းကျော် ရှိသည်။ အများစုမှာ ဘင်္ဂါလီများ ဖြစ်ကြသည်။
လယ်ယာစိုက်ပျိုးခြင်းနှင့် သစ်၊ ဝါး ထုတ်လုပ်သည်။ တောတောင်ထူပြီး ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောမှာ (၃၂၃.၃၀) စတုရန်းမိုင် ရှိသည်။ စိုက်ပျိုးဧရိယာမှာ (၉၈.၆၅) စတုရန်းမိုင် ရှိသည်။ စိုင်းဒင် ရေတံခွန်နှင့် ဒုံးသိမ်တို့မှာ ထင်ရှားသည်။
ဒုတိယကမ်ဘာစစ်အတွင်းက ဘူးသီးတောင်သည် ဂျပန်နှင့် မဟာမိတ်တို့အတွက် စစ်တလင်းဖြစ်ခဲ့ သည်။ မြို့နယ်တွင် ကျေးရွာအုပ်စု (၇၈) စု၊ ရွာငယ်(၃၈၅) ရွာ ရှိသည်။
7. ရသေ့တောင်
မယူမြစ်ဝမှ မိုင်နှစ်ဆယ်အကွာ လက်ယာကမ်းတွင် တည်ရှိသည်။ မြို့မြောက်ဖက်တွင် တောတောင်များရှိပြီး၊ တောင်ဖက်တွင် ရသေ့တောင်ချောင်းက မြစ်အတွင်းသို့ စီးဝင်သည်။ မြို့မြောက်ဖက်ရှိ `ရသေ့တောင်´ကို အစွဲပြု၍ မြို့အမည်တွင်ခဲ့သည်။
ဤမြို့ကို ၁၈၆၃ - ခုနှစ်တွင် တည်ထောင်ခဲ့လေသည်။ မြို့ပေါ်လူဦးရေမှာ (၇၂၁၅) ဦးရှိကာ၊ မြို့နယ်လူဦးရေက (၁.၅၅) သိန်းကျော် ရှိသည်။ မြို့ဧရိယာမှာ (၀.၀၇) မိုင် ကျယ်ဝန်ပြီး ရပ်ကွက်(၅)ခု ရှိသည်။ မြို့နယ်ဧရိယာက (၄၃၇.၇၆) စတုရန်းမိုင် ကျယ်ဝန်းကာ ကျေးရွာအုပ်စု (၈၈) စု၊ ရွာငယ် (၁၉၆) ရွာ တည်ရှိသည်။ လယ်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ ဥယျာဉ်ခြံမြေလုပ်ငန်းတို့မှာ အဓိကဖြစ်သည်။ စပါးစိုက်ဧရိယာ (၁၄၁) စတုရန်းမိုင်ရှိကာ ပုဇွန်ကန် (၂၅၅) ကန်နှင့် မွေးမြူဧက (၈၆၇၄) ဧက ရှိသည်။
ရသေ့တောင်မြို့နယ်၏ နယ်နမိတ်ကို `မယူကမ်း´ဟုလည်း ခေါ်ကြသည်။ မယူကမ်းဖက်တွင် ကြိုးဝိုင်းသစ်တော (၁၅.၂၈) စတုရန်းမိုင် ရှိသည်။ ကူတောင်ဂူကျောင်း၊ ဦးကင်းတော်စေတီ၊ လည်ရိုး တော်စေတီတို့မှာ ထင်ရှားသည်။
8. အမ်း
အမ်းမြို့ကို ၁၈၁၂ - ခုနှစ်တွင် တည်ထောင်သည်။ ၁၈၃၃ - မှ ၁၈၃၇ - ထိ အမ်းခရိုင်မြို့တော် ဖြစ်ခဲ့ သည်။ အမ်းတောင်ကြားလမ်းကြောင့် ထင်ရှားသည်။ အမ်းမြစ်ညာဒေသသည် ပင်လယ်ရေပြင် အမြင့် ပေ (၁၈၀) တွင် တည်ရှိသည်။ သငေ်္ဘာဆိပ်မှာ မြို့နှင့်(၂၄)မိုင်အကွာ၊ အမ်းမြစ်ဝတွင်ရှိသည့် တပ်တောင် အရပ် ဖြစ်သည်။
အမ်းမြို့သည် ရှေးရခိုင့်သမိုင်းဝင် မြို့တစ်မြို့လည်း ဖြစ်ခဲ့သေးသည်။ ယခုတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ရုံးစိုက်သည်။ မြို့ပေါ်ဧရိယာမှာ (၁.၇၃) စတုရန်းမိုင်ရှိကာ လူဦးရေ (၇၂၉၂) ဦး နေထိုင်သည်။ မြို့နယ်ဧရိယာကတော့ (၂၄၆၇.၅၁) စတုရန်းမိုင်ရှိကာ လူဦးရေ (၁) သိန်းကျော်ရုံသာ ရှိသည်။ တစ်ရပ်တစ်ကျေးသို့ ထွက်ခွာသူများသဖြင့် လူနေကျဲပါးသည်။ အမ်းမြို့နယ်၏ ဧရိယာသည် ရခိုင်ပြည်တွင် အကျယ်ဆုံးဧရိယာ ဖြစ်သည်။
သစ်တောထူသည်။ ဝါးတောဧရိယာသည် စတုရန်းမိုင် (၁၈၁၁) မိုင်အထိ ရှိသည်။ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တော (၄၉၂.၄၃) စတုရန်းမိုင်၊ ဒီရေတော (၁၀၄.၅၁) စတုရန်းမိုင်ရှိသည်။ ရခိုင်ပြည်၏ `ဒုတိယ´မြောက် အဖိုးတန်သစ်များ ထွက်ရှိရာ ဒေသဖြစ်သည်။ လယ်ယာ၊ သစ်၊ ဝါး၊ ဆေးရွက်ကြီး၊ ရေလုပ်ငန်း အဓိကဖြစ်သည်။
စပါးစိုက်ဧရိယာ (၆၂) စတုရန်းမိုင်၊ ပုစွန်ကန် (၁၉၅) ကန်နှင့် မွေးမြူဧက (၁၀၅၃၈) ဧက ရှိသည်။ ကျေးရွာအုပ်စု (၂၉)စု၊ ရွာပေါင်း (၂၄၂) ရွာရှိသည်။ မဟာဆူး၊ မဟာကနောင်၊ တန်းတင်စေတီ၊ ဒလက်ဘုရားများမှာ ထင်ရှားသည်။
အမ်းချောင်းကို အမ်းမြစ်ဟုလည်း ခေါ်သည်။ ရခိုင်ပြည်၏ အလယ်ပိုင်းတွင် ရှိနေသည်။ အမ္ဗနဒီ သရက်ချောင်း စသဖြင့် ခေါ်ဝေါ်ကြရာမှ အမ်းချောင်း၊ အမ်းမြစ် ဖြစ်လာသည်။ မြင်မတိန်တောင်မှ မြစ်ဖျားခံကာ မိုင် (၆၀) ခန့်ထိ ရှည်လျားပြီး ကျွန်းစိုင်ထဲသို့ စီးဝင်သည်။ မစ်ညာပိုင်းတွင် အမ်းမြို့ရှိသည်။ အမ်းမြို့၏ တောင်ဖက်အနီး အောက်ရွာတွင် ချောင်းကူး ဘေလီကြိုးတံတား ရှိသည်။
9. ကျောက်တော်
ကုလားတန်မြစ်၏ လက်ဝဲဖက်ကမ်းတွင် တည်ရှိသည်။ ၁၉၁၀ - ပြည့်နှစ်တွင် မြို့အဖြစ် သတ်မှတ်ခဲ့သည်။ မြို့တစ်ဖက်ကမ်းရှိ ကျောက်တော်တောင်စေတီကို အစွဲပြု၍ အမည်တွင်သည်။ ရခိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့၏ ကြားခံမြို့ဖြစ်သည်။ ဆန်စပါး၊ ပဲ၊ နှမ်း၊ ကြံတို့ စိုက်ပျိုးဖြစ်ထွန်းသည်။ ၁၉၄၁ - ခုနှစ်၊ မေလတွင် ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံးမှ `ကျောက်တော်ညီလာခံ´ဟု ကျင်းပဖူးသည်။
မြို့ဧရိယာမှာ (၀.၅၂) စတုရန်းမိုင်ရှိကာ ရပ်ကွက ်(၅) ခု၊ လူဦးရေ (၁၇၇၃၃) ဦး ရှိသည်။ မြို့နယ်ဧရိယာကတော့ (၆၇၅.၅၅) စတုရန်းမိုင် ကျယ်ဝန်းကာ လူဦးရေ (၂.၁၁) သိန်းကျော် နေထိုင်သည်။ ကျေးရွာအုပ်စု (၇၉) စု၊ ရွာငယ် (၂၈၅) ရွာ ရှိသည်။ မြို့သည် ပင်လယ်ရေပြင်အထက် (၁၈.၅၇) ပေတွင် တည်ရှိသည်။
ဒုတိယမြောက် ဆန်စပါးအများဆုံးထွက်ရှိရာ မြို့နယ်ဖြစ်သည်။ စပါးစိုက်ဧရိယာမှာ (၁၃၀.၄၉) စတုရန်းမိုင် ရှိသည်။ ရိက္ခာဖူလုံမှုမှာ (၁၆၈.၂၄) ရာခိုင်နှုန်း ဖြစ်သဖြင့် (၁၀၀) ရာခိုင်နှုန်း အထက်ပင် ကျော်လွန်ပေ၏။ ကုလားတန်မြစ်မ၊ သရီချောင်း၊ ယိုးချောင်းအထက်ပိုင်းတို့ ပါရှိသဖြင့် တောတောင်ထူသည်။ ကြိုးဝိုင်း/ပြင် ကာကွယ်တောမှာ (၂၂၈) စတုရန်းမိုင် ရှိသည်။ ရခိုင်နှင့်ခမီး အများစု နေထိုင်ကြ သည်။
မဟာမုနိရုပ်ပွားတော်၊ သေလာဂီရိတောင်၊ ကျောက်တော်စေတီ၊ ဓညဝတီမြို့ဟောင်းတို့ဖြင့် ထင်ရှားသည်။
10. မြောက်ဦး
မြောက်ဦးမြို့တော်ဟောင်းကို အခြေခံ၍ တည်ဆောက်ထားသည့် မြို့ဖြစ်သည်။ `မြောက်´များ စွာသော အကြံအစည်းများကို `ဦး´ဦးဖျားဖျား အောင်မြင်ခဲ့သဖြင့် `မြောက်ဦး´ဟု အမည်တွင်သည်။ ကုလားတန်မြစ်နှင့် လေးမြို့မြစ်ကြားရှိ တောင်နိမ့်၊ တောင်တန်း၊ လွင်ပြင်များတွင် တည်ရှိသည်။ ၁၈၂၅ - မှ ၁၉၇၈ - ထိ `မြို့ဟောင်း´ဟု အမည်တွင်သည်။ ပင်လယ်ရေပြင်အထက် (၁၇) ပေတွင် တည်ရှိသည်။ မြို့ပေါ်ဧရိယာမှာ (၀.၈၃) စတုရန်းမိုင်ရှိပြီး လူဦးရေ (၃၆၉၁၀) ဦး ရှိသည်။ ရပ်ကွက် (၇)ခု ရှိသည်။ မြို့နယ်ဧရိယာက (၄၉၀.၉၇) စတုရန်းမိုင်ရှိကာ လူဦးရေ (၂.၂၂) သိန်းကျော် ရှိသည်။ ကျေးရွာအုပ်စု (၉၄) စု၊ ရွာငယ်(၂၄၈) ရွာ ရှိသည်။
ကြိုးဝိုင်း/ပြင် ကာကွယ်တောမှာ (၄၄.၈၃) စတုရန်းမိုင် ရှိသည်။ ဆန်စပါးနှင့် ဟင်းသီးဟင်းရွက် အဓိကထွက်သည်။ ဆန်စပါးစိုက်ပျိုးမြေ ဧရိယာမှာ (၂၀၄.၅၇) စတုရန်းမိုင် ရှိသည်။ ဆန်စပါးဖူလုံမှုမှာ (၂၆၄) ရာခိုင်နှုန်းဖြစ်သည်။ ရခိုင်ပြည်၏ ဆန်စပါး အထွက်ဆုံးမြို့ ဖြစ်သည်။ ပုစွန်ကန် (၁၀၆) ကန်နှင့် မွေးမြူးဧရိယာ (၅၆၄) ဧက ရှိသည်။
သျှစ်သောင်း၊ ကိုးသောင်း၊ ထုက္ကန်သိမ်၊ အံတော်သိမ်၊ လေးမျက်နှာ၊ လောင်ဗွန်းပြောက်၊ ရတနာပုံ၊ မာရ်ငါးပါး၊ ဘုရားပေါ်၊ ဝေသာလီဘုရား၊ လောင်းကြက်တောင်မော်၊ ခြိပ်ဘုရား၊ မဟာထီး၊ ပါးတော်၊ ဗားမဲ့ဗားဂရာဂူတို့မှာ ထင်ရှားသည်။
ကျုံး၊ မြောင်း၊ အင်းအိုင်၊ ခံတပ်၊ မြို့တံခါး၊ ရေတံခါး၊ မြို့တံတိုင်း၊ နန်းရာကုန်း၊ ပြတိုက်၊ ကျောက်စာ စသည့် ရှေးရှင်ဘုရင်တို့၏ တည်ဆောက်ခဲ့မှုများကို လေ့လာမှတ်သားစရာ များပြားလှသည့် မြို့တစ်ခုဖြစ်သည်။
11. မင်းပြား
ရှေးရခိုင်တို့၏ စည်ပင်ခဲ့ရာ မြို့တစ်မြို့ပင် ဖြစ်သည်။ `ယခုမြို့ကို´ ရာမောင်မြစ်၏ လက်ဝဲဖက်၊ ကျိန်းတောင်၏ အရှေ့ဖက်ရှိ တောင်ခြေအောက်တွင် အင်္ဂလိပ်တို့က တည်ထားခဲ့သည်။ ၁၈၆၇ - ခုနှစ်တွင် မြို့ဖြစ်လာသည်။ ခရီးလမ်းဆုံမြို့ဖြစ်၍ စည်ပင်သည်။ သို့သော် မြစ်ကမ်းနဖူးမှာ နှစ်စဉ် ရေတိုက်စားမှုကို ခံနေရသည်။
မြို့ပေါ်လူဦးရေမှာ (၂၃၂၅၈) ဦးရှိကာ မြို့အကျယ်မှာ (၀.၆၀) စတုရန်းမိုင် ရှိသည်။ မြို့နယ်တစ် ခုလုံးတွင် လူဦးရေ (၁.၈၅) သိန်းကျော်ရှိကာ ဧရိယာ (၁၃၃၈.၄၆) မိုင် ကျယ်ဝန်းသည်။ ကျေးရွာအုပ်စု (၆၂) စုနှင့် ရွာပေါင်း (၂၄၆) ရွာ ရှိသည်။ ရခိုင်၊ ဒိုင်းနက်၊ မရမာကြီး၊ ချင်းတို့ နေထိုင်သည်။
အရှေ့ဖက်တွင် တောတောင်ထူသည့် ရခိုင်ရိုးမတောင်ကြီး ရှိသည်။ ကြိုးဝိုင်း/ပြင် ကာကွယ်တောမှာ (၈၆.၄၉) စတုရန်းမိုင် ရှိသည်။ တောင်ဖက်တွင် မြစ်ချောင်းပေါသည်။ စပါးစိုက်ဧရိယာမှာ (၁၃၃.၀၈ ) စတုရန်းမိုင် ရှိသည်။ ရိက္ခာဖူလုံမှုသည် (၂၀၉) ရာခိုင်နှုန်း ရှိသည်။ ဆန်စပါးနှင့် သစ်ဝါးလုပ်ငန်းများ ရှိသည်။ ပုစွန်ကန် (၃၀၀) နှင့် မွေးမြူဧရိယာ (၆၂၅၅) ဧက ရှိသည်။ မြောက်ဦးမှ ပုဂံသို့ရောက်သည့် ဘူးရွက်မညှိုးလမ်းသည် မင်းပြားနယ်မှ ဖြတ်သန်းသွားသည်။ စစ်ကြိုခေတ်က ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသား အစည်းအရုံး၏ ပထမဆုံးသော ညီလာခံကို မင်းပြားမြို့၌ ၁၉၃၉ - ခု၊ မေလ (၂/၃) ရက်တို့တွင် ကျင်းပခဲ့သည်။ ကျိန်းတောင်စေတီ၊ ဂရင်ဂျိုင်၊ ရာမောင်ကြိုးတံတားတို့မှာ ထင်ရှားသည်။
12. မြေပုံ
မြေပုံမြို့သည် ကြတ်စင်ကျွန်း၏ တောင်ဖက်အဆုံး၊ မြေပုံမြစ်၏ လက်ဝဲဖက်တွင် တည်ရှိသည်။ ၁၈၆၃ - ခုနှစ်တွင် မြေပုံမြို့ ဖြစ်လာသည်။ မြို့တည်အရပ်ရှိ မြေများသည် ပူနေသဖြင့် မြေပူဟု ခေါ်ရာမှတစ်ဆင့် မြေပုံဟု ပြောင်းလဲခေါ်ဝေါ်လာကြသည်။ မြို့၏ အနောက်ဖက်တွင် (၄၅၄) ပေမြင့်သည့် ခေါစာတောင်တန်းငယ်ရှိသည်။ မြို့မြောက်ဖက်ရှိ `ကံသာမီးတောင်´ ရှိသည်။ `အငူမော်´ စေတီမှာ အထင်ကရ ဖြစ်သည်။ ရေလမ်းခရီး လမ်းဆုံကျပြီး ရေလုပ်ငန်း ဖြစ်ထွန်းသည်။
မြို့ဧရိယာသည် (၀.၄၉) စတုရန်းမိုင် ရှိကာ လူဦးရေ (၁၅၅၆၄) ဦးနှင့် ရပ်ကွက်(၉) ခု တည်ရှိသည်။ မြို့နယ်၏ဧရိယာမှာ (၉၄၂.၁၂) စတုရန်းမိုင် ရှိကာ လူဦးရေ (၁.၁၉) သိန်းကျော် ရှိသည်။ ကျေးရွာအုပ်စု (၅၁) စုနှင့် ရွာငယ် (၁၃၉) ရွာ တည်ရှိသည်။ တရပ်တစ်ကျေးသို့ ထွက်ခွာသူများသဖြင့် လူနေ ကျဲပါးသည်။
မြေပုံမြို့နယ်ကို ၁၈၈၃ - ခုနှစ်တွင် မင်းပြားမြို့နယ်မှ တိုက်နယ် (၄) ခု၊ ကျောက်ဖြူမြို့နယ်မှ တိုက်နယ် (၃) ခု၊ အမ်းမြို့နယ်မှ တိုက်နယ်(၃) ခုတို့ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အရှေ့ဖက်တွင် တောတောင်ထူပြီး ကျွန်းစဉ်/တန်း ပေါသည်။ ကျွန်းကြီး (၄၄) ကျွန်း၊ ကျွန်းငယ် (၇၆) ကျွန်း ပါဝင်သည်။ ကြိုးဝိုင်း/ပြင် ကာကွယ်တောမှာ (၇၉.၁၉) စတုရန်းမိုင် ရှိသည်။ ဒီရေတော (၂၉၃.၂၃) စတုရန်းမိုင် ရှိသည်။ ရခိုင်ပြည်တွင် ဒီရေတော အများဆုံးရှိသည့် မြို့နယ်ဖြစ်ကာ `ထင်း´ထွက်မှုများသည်။
စပါးစိုက်ဧရိယာ (၆၈) စတုရန်းမိုင် ရှိသည်။ ဆန်စပါး၊ ငါး/ငါးခြောက်နှင့် သစ်တောလုပ်ငန်းများ အဓိကကျသည်။ ဆန်စပါးဖူလုံမှုမှာ (၁၄၅) ရာခိုင်နှုန်း ရှိသည်။ ပုစွန်ကန် (၅၂၂) ကန်နှင့် မွေးမြူဧက (၁၃၈၇၄) ဧက ရှိသည်။`ကျွန်းချောင်းကျွန်း´မှာလည်း ထင်ရှားပါသည်။
၁၉၄၂ - ခုနှစ် ကုလား-ရခိုင် ပဋိပက္ခသည် မြေပုံမြို့နယ်၊ ချောင်းကြီးရွာသူကြီးကို ကုလားရွာမှ ကုလားများက လာရောက်ခုတ်သတ်မှုဖြင့် စတင်သည်။ ၎င်းဖြစ်စဉ်တွင် ရွာသူကြီးပါ ညီအစ်ကိုသုံးဦး၊ လယ်သူရင်းငှားတစ်ဦး၊ ပေါင်းလေးဦး သေဆုံးသည်။ ရွာသူကြီး၏ အမေက ရွာသူကြီး၏ သားသမီး နှစ်ဦးနှင့်အတူ ခြုံပုတ်တစ်ခုထဲတွင် ပုန်းနေရင်း သားသုံးဦးနှင့် လယ်သူရင်းငှားအသတ်ခံနေရသည်ကို ဤအတိုင်း ထိုင်ကြည့်နေရသည်။ တစ်ခုခုလုပ်လျှင် (သို့) အသံထွက်ပါက သူသာမက ကလေးများပါ အသတ်ခံရမည်ဖြစ်၍ ဖြစ်သည်။ ကုလားများသည် လူသတ်ပြီး အိမ်ကိုမီးရှို့ကာ ထွက်ခွာသွားတော့ (ရခိုင်များလည်းလာပြီဖြစ်၍) ရွာသူကြီးအမေသည် သေနေသူသားသုံးယောက်ကို ဖက်ငိုမနေအားဘဲ အိမ်ကိုမီးမလောင်ရန် ရေလောင်းငြိမ်သတ်လေသည်။ ဒါမှ ကျန်ရစ်သူကလေးတွေဟာ သူများအိမ်မှာ ကပ်မနေရမည်ကို။ အိမ်တွင်းပစ္စည်းများနှင့် စပါးကျီပါ မဆုံးရှုံးမည်ကို။ ရွာသူကြီးမှာ ကျွန်တော့်၏ အဖိုးဖြစ်သည်။ ရွာသူကြီးအမေသည် ကျွန်တော့်၏အဖီးဖြစ်သည်။ ကျန်ရစ်သူ ကလေးနှစ်ယောက်မှ ယောကျၤားလေးသည် ကျွန်တော်၏အဖေ ဖြစ်ပါသည်။ ကျွန်တော်သည် နာရီစင်ကို ခြေကန်မွေးလာသည့် မြေပုံ+စစ်တွေသွေး ရောနေသူဖြစ်ပါသည်။
13. ရမ်းဗြဲ
ရမ်းဗြဲကျွန်း၏ အရှေ့တောင်ဖက်၊ တန့်ချောင်းတွင် တည်ရှိသည်။ တောင်ငါးလုံးရံထားသည့် မြို့ဖြစ်သည်။ ယခုမြို့ကို ၁၇၈၅ - ခုနှစ် ဒီဇင်ဘာလတွင် ရမ်းဗြဲမြို့ဝန်က တည်ခဲ့သည်။ မြို့အရှေ့ဖက် `ဒေါရထ´မှာ သငေ်္ဘာဆိပ်အရပ် ဖြစ်သည်။ ယခုအခါ ရမ်းဗြဲသည် ကားလမ်းပေါက်နေပြီ ဖြစ်သည်။ ကားဖြင့် ကျောက်ဖြူ၊ မအီမှတစ်ဆင့် စစ်တွေ၊ တောင်ကုတ်မြို့များသို့ သွားလာနိုင်ပါပြီ။
ရမ်းဗြဲမြို့ဧရိယာမှာ (၀.၃၂) စတုရန်းမိုင် ရှိကာ ရပ်ကွက်(၆) ခု၊ လူဦးရေ (၁၀၃၆၈) ဦးနေထိုင်သည်။ မြို့နယ်၏ဧရိယာမှာ (၅၀၆.၅၃) စတုရန်းမိုင်ရှိကာ လူဦးရေ (၁.၀၂) သိန်း နေထိုင်သည်။ ကျေးရွာအုပ်စု (၅၀) နှင့် ရွာငယ် (၂၀၇) ရွာ ရှိသည်။ နေရာသစ် ရှာသူများ၍ လူနေကြဲသည်။ ကြိုးဝိုင်း/ပြင် ကာကွယ် တောမှာ (၁၆၅.၇၀) စတုရန်းမိုင် ရှိသည်။ ဒီရေတောသည် (၁၂၂.၈၂) စတုရန်းမိုင် ရှိသည်။ ဆန်စပါး၊ ဆေးရွက်ကြီး၊ ငါးဖမ်းခြင်း၊ ဆားထုတ်ခြင်း ပြုလုပ်ကြသည်။ ပုစွန်ကန် (၂၆) ကန်နှင့် မွေးမြူဧက (၁၃၁၂) ဧက ရှိသည်။ လေးတောင်နယ်၊ ကျောက်ချောင်းနယ်တို့မှ ရေနံထွက်သည်။
သိမ်တောင်၊ ကိုယ်ရံတောင်စေတီ၊ နားမွှေးတော်နှင့် လည်ရိုးတော်စေတီတို့မှာ ထင်ရှားသည်။
ရမ်းဗြဲမြို့နှင့် ပက်သက်၍ တစ်ဆက်တည်း သိထားသင့်သည့်အရာမှာ `ရမ်းဗြဲကျွန်း´ ဖြစ်ပါသည်။ ရမ်းဗြဲကျွန်းဟု အမည်တွင်သော်လည်း ဤကျွန်းတွင် ကျောက်ဖြူမြို့နယ်လည်း ပါဝင်နေပါသည်။
ကျွန်းတစ်ခုလုံးတွင် ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ် နှစ်ခုပိုင် ရွာပေါင်း (၄၈၀) နှင့် လူဦးရေ သုံးသိန်းကျော် နေထိုင်ကြပါသည်။ ရမ်းဗြဲကျွန်းသည် ရခိုင်ကမ်းခြေတွင်သာမက ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ကမ်းခြေ တစ်ခွင်၌ အကြီးဆုံး ဖြစ်သည်။ ကျွန်းဧရိယာသည် စတုရန်းမိုင် (၇၀၀) ကျော်ခန့် ရှိသည်။ ကျွန်းသည် အနောက်မြောက်မှ အရှေ့တောင်သို့ မိုင် (၅၀) မျှ သွယ်တန်းနေကာ ကျွန်း၏အလယ်၌ မိုင် (၂၀) မျှအထိ တောင်ဖက်သို့ ချွန်ထွက်ကာ အနံကျယ်သွားပြန်သည်။ ကျွန်း၏ မြောက်နှင့် အရှေ့အရပ်တွင် ဒီရေရောက်မြစ်ချောင်း ပေါများသည်။ အနောက်ဖက်တွင် တောင်ကုန်းငယ် ပေါများသည်။ တောင်ဖက်ပိုင်းတွင် တောတောင်ထူသည်။
ရမ်းဗြဲကျွန်းရှိ အမြင့်ဆုံးတောင်မှာ ဇီးခါးတောင် ဖြစ်သည်။ (၉၆၄) ပေ မြင့်သည်။ ကျွန်းပေါ်ရှိ သဘာဝသယံဇာတများမှာ ရေနံ၊ ထုံးကျောက်နှင့် သံများ ဖြစ်ကြသည်။ ရမ်းဗြဲကျွန်းကို ဝမ်းဘဲပုံ ဖြစ်နေ၍ ဝမ်းဘဲကျွန်း၊ ရမ္မာပူရ စသဖြင့်လည်း ခေါ်ကြသည်။ ရှေးစာများတွင်မူ `ရမ်းပြည့်´ကျွန်းဟုလည်း တွေ့ရသည်။ ဤကျွန်းသည် ရခိုင်ရိုးမတောင်ခြေ၏ အနောက်ဖက် (၁၂) မိုင်အကွာ ပင်လယ်ထဲတွင် တည်ရှိပါသည်။ ဤကျွန်းနှင့် ရိုးမတောင်ခြေကို `ဝမ်ပိုက်တော´က ဆက်ထားပါသည်။
`ဝမ်ပိုက်တော´ဆိုသည်မှာ ရမ်းဗြဲကျွန်းနှင့် ရိုးမတောင်ခြေ အကြားရှိ ဒီရေရောက်သစ်တော ဖြစ်သည်။ ရခိုင်၌ အကြီးဆုံးသော ဒီရေရောက်သစ်တော ဖြစ်သည်။ (၅၆၆၃၃) ဧက ကျယ်ဝန်းသည်။ တောင်ဖက်တွင် ကလိန်တောင်မြစ်၊ မြောက်ဖက်တွင် သံစစ်မြစ်တို့ စီးဆင်းနေကာ ၎င်းမြစ်နှစ်ခုသည် ဒီရေရောက်သစ်တောကို ဖြတ်ကာ ဆက်သွယ်နေသည့် ပြွန်ပေါက်များစွာ ရှိနေပြန်သည်။ ဤတောကို ဖြတ်၍ပင် ကျောက်ဖြူ-ရန်ကုန် ကားလမ်းကို ဖောက်လုပ်ထားပြန်သည်။
14. မာန်အောင်
ရှေးရခိုင်သမိုင်းဝင် မြို့တစ်မြို့ ဖြစ်သည်။ မြို့ဝန်ခေတ် အစပိုင်း၌ သီးခြားမဟုတ်ဘဲ ရမ်းဗြဲမြို့ထဲတွင် ခေတ္တမျှ ပါဝင်ဖူးသည်။ မြို့သည် မာန်အောင်ကျွန်း၏ အရှေ့မြောက် ဟုန်းချောင်း၏ လက်ယာကမ်းတွင် တည်ရှိသည်။ ၁၈၈၂ - တွင် မြို့ဖြစ်လာသည်။ သွားလာရေးမှာ `ရေလမ်းတစ်ခုတည်းသာ´ ရှိသည်။ ၁၉၇၀ - ဝန်းကျင်က လေယာဉ်အငယ်စားဖြင့် ပြေးဆွဲခဲ့ဖူးသည်။
မြို့ပေါ်ဧရိယာသည် (၀.၇၅) စတုရန်းမိုင်ရှိကာ ရပ်ကွက်(၅) ခု လူဦးရေ (၄၆၇၇) ဦးသာ ရှိသည်။ မြို့နယ်ဧရိယာကတော့ (၂၀၂.၀၄) စတုရန်းမိုင် ကျယ်ဝန်းကာ လူဦးရေ (၇၁၀၆၆) ဦး ရှိသည်။ ကျေးရွာအုပ်စု (၃၆) စု၊ ရွာပေါင်း (၁၃၈) ရွာ ရှိသည်။ ပြောင်းရွှေ့နေထိုင်ကြသူများ၍ လူနေကြဲသည်။ ဆန်းစပါးစိုက်ဧရိယာ (၄၂.၈၆) စတုရန်းမိုင် ရှိသည်။ ဒီရေတောမှာ (၃.၈၁) စတုရန်းမိုင် ရှိသည်။ ပုစွန်ကန် (၃၂) ကန်၊ မွေးမြူဧရိယာ (၅၇၈) ဧက ရှိသည်။
စပါး၊ အုန်း၊ ဆေးရွက်ကြီး၊ ငါးဖမ်းခြင်းတို့ အဓိကလုပ်သည်။ ဘုရားကြီး၊ ဘူးတောင်းကွဲဘုရား၊ ကျွန်းရှင်မနတ်ကွန်း၊ တောင်နီတောင်တို့မှာ ထင်ရှားသည်။
မာန်အောင်မြို့အကြောင်းကို တင်ပြရင်း တစ်ဆက်တည်း သိထားသင့်သည်မှာ `မာန်အောင်ကျွန်း´ အကြောင်းဖြစ်သည်။
မာန်အောင်ကျွန်းကို မေဃဝတီ၊ မေဃဒီပ၊ နာဂဒီပ၊ စတူပါ၊ ပြဿဒ်၊ ဗောင်တူ၊ ကျွန်းသာယာ၊ မိန်းမလှကျွန်းဟုလည်း ခေါ်သည်။ ကျွန်းသူအများစုသည် အသားအရေ စိုပြေလှပကြ၍ `မိန်းမလှကျွန်း´ ဟု ခေါ်တွင်ဟန် ရှိသည်။ အချို့က မာန်အောင်မြို့မှ ငါးမိုင်အကွာရှိ `မင်းဆိပ်ပြင်´ရွာသူများ၏ လှပမှုကို အစွဲပြု၍ ခေါ်ဆိုတာဟု ပြောကြသည်။
မာန်အောင်ကျွန်းသည် စတုဂံပုံသဏ္႑ာန် ဖြစ်သည်။ ရခိုင်ကမ်းရိုးတန်းတွင် ဒုတိယအကြီးဆုံးကျွန်း ဖြစ်သည်။ အရှေ့မြောက်ဖက်ရှိ ရမ်းဗြဲကျွန်နှင့် ၁၀မိုင်ခန့်သာ ဝေးသည်။ စတုရန်းမိုင် (၁၉၇.၈၄) မိုင် ကျယ်ဝန်းသည်။ မာန်အောင်ကျွန်း၏ မြေမျက်နှာပြင်သည် လိပ်ခုံးပုံသဏ္႑ာန် ဖြစ်နေသည်။ ကျွန်း၏ တောင်ဖက်ပိုင်းသည် ကုန်းမြင့်ဖြစ်ပြီး `ပုလဲငူတောင်´မှာ အမြင့်ဆုံးဖြစ်ကာ (၈၄၉) ပေမြင့်သည်။ ထင်ရှားသည့် တောင်နီတောင်သည် (၆၄၆) ပေ မြင့်သည်။ ကျွန်း၏ တောင််နှင့်အနောက်ဖက်တို့တွင် ရှည်လျားပြန့်ပြူးသည့် ကမ်းခြေများလည်း ရှိကြသည်။
ဤကျွန်းသည် ပင်လယ်ရေပြင်အထက် `ခြောက်ပေ´သာ မြင့်သည်။ပူအိုက်စွတ်စိုကာ တစ်နှစ်လျှင် မိုးရေချိန်လက်မ (၂၀၀) အထိ ရွာသွန်းသည်။ အဓိကချောင်းမှာ ဟုန်းချောင်းဖြစ်သည်။ မာန်အောင်ကျွန်း တွင် ကျွန်းရံများအဖြစ် ရဲကျွန်း၊ တိုက်ကျွန်း၊ ဗီကန်မီပြကျွန်းတို့လည်း ရှိကြသည်။
(ဇာတ်နိပါတ်တော်များအရ) မြတ်စွာဘုရားသည် ဤကျွန်း၌ မင်းတစ်ပါး ဖြစ်ခဲ့သည်။ စမ္ပဝက်မြို့ရှိ မိုးကြိုးကန်ကိုစောင့်သောနဂါးသည် နောက်ဆုံးတွင် ဤကျွန်းကို ပြေးခဲ့ရပြီး ပြည်သူတို့၏ အကျိုးစီးပွားကို ဆောင်လျှက်နေလေ၏ဟု အဆိုရှိသည်။
မာန်အောင်ကျွန်း၏ ကျွန်းပတ်လမ်းသည် (၅၁) မိုင်ရှည်ကာ ၁၉၉၁ခုနှစ်တွင် ဖောက်လုပ်သည်။ ပတ်လမ်းတွင် တံတားနှင့် ရေထုတ်ပြွန် (၂၁၀) ပါဝင်သည်။
15. ကျောက်ဖြူ
ရမ်းဗြဲကျွန်း၏ မြောက်ဖက်အဆုံးတွင် တည်ရှိသည်။ အင်္ဂလိပ်တို့က ခရိုင်ရုံးစိုက်ရာ အမ်းမြို့သည် ကျန်းမာရေးနှင့် မညီညွတ်ခြင်း၊ ခရီးဝေးခြင်းတို့ကြောင့် ၁၈၃၈ - ခုနှစ်တွင် `တံငါရွာ`ငယ်ကို မြို့အဖြစ် တည်ထောင်သည်။ ယင်းအချိန်မှစ၍ ခရိုင်မြို့ ဖြစ်လာသည်။မြို့ဟောင်းအရပ်ရှိ အဖြူရောင်ကျောက်တုံး ကြီးကို အစွဲပြု၍ ကျောက်ဖြူဟု မြို့အမည်တွင်လာသည်။
ရာဇဝင်အဆိုများအရ `ကောတုံကရာဇ်´ပြည် (ဂေါတုံကရစ်ပြည်)ကို နဂါးတို့ ရေလွှမ်းသွားအောင် ဖျက်စီးပြီးနောက် ရေကျသွားသည့်အခါ ကျောက်ဖြူများသည် ပေါ်လာသည် ဆို၏။
မြို့မတည်မှီ ၁၈၂၈ - ခန့်တွင် သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင်တို့ရှိ အင်္ဂလိပ်တပ်များကို ကျောက်ဖြူသို့ ရွှေ့ပြောင်းစခန်းချသည်။ ဤတပ်သည် ၁၈၅၀ပြည့်နှစ်အထိ ရှိနေခဲ့သည်။ ၁၈၈၅ - တွင် မြူနီစပါယ် အုပ်ချုပ်ရေးမြို့ ဖြစ်လာသည်။ ကျောက်ဖြူမှ ရမ်းဗြဲသို့ (၄၈) မိုင်ကွာ ကားလမ်းရှိသည်။ မြို့ပေါ်တွင် ဆရာအတတ်သင်ကျောင်း၊ လေဆိပ်၊ ပင်လယ်ကူးသငေ်္ဘာဆိပ်တို့ ရှိသည်။
မြို့ပေါ်ဧရိယာမှာ (၀.၆၀) စတုရန်းမိုင် ရှိကာ ရပ်ကွက်(၁၀) ခု၊ လူဦးရေ (၂၄၃၈၄) ဦးရှိသည်။ မြို့နယ်ဧရိယာသည် (၆၇၈.၃၅) စတုရန်မိုင် ကျယ်ဝန်းကာ ကျေးရွာအုပ်စု (၅၄) စု၊ ရွာပေါင်း (၂၆၆) ရွာ၊ လူဦးရေ (၁.၅၄) သိန်းကျော် နေထိုင်သည်။ ရပ်ဝေးသို့ ပြောင်းရွှေ့သူများကြောင့် လူဦးရေတိုးတက်မှု နှေးကွေးသည်။
ကြိုးဝိုင်/ပြင် ကာကွယ်တောမှာ (၃၂) စတုရန်းမိုင် ရှိသည်။ ဒီရေတောက (၇၄.၈၆) စတုရန်းမိုင် ရှိသည်။ ဆန်စပါးစိုက်ဧရိယာ (၆၈.၈၉) စတုရန်းမိုင် ရှိသည်။ ရေလုပ်ငန်းမှာ အဓိက ဖြစ်သည်။ ပုစွန်ကန် (၂၂၆) ကန်၊ မွေးမြူဧရိယာ (၈၀၄၅) ဧက ရှိသည်။ ကျွန်းစဉ်၊ ကျွန်းတန်း ပေါလှသည်။ ကျွန်းစုပေါင်း (၇၁) ကျွန်းရှိကာ မရဇိုင်းကျွန်း၊ တန်းခါးရိုးကျွန်း၊ နောင်တော်ပင်လယ် တို့မှာ ထင်ရှားသည်။
အခြားထင်ရှားသော နေရာများမှာ ကျောက်တစ်လုံးဂူ၊ ကံ့ကော်တောဘုရား၊ ကျောက်ဖြူ- တရုတ် ဓာတ်ငွေ့ပိုက်လိုင်း၊ ရေနက်ဆိပ်ကမ်းတို့ ဖြစ်သည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် မြန်မာနိုင်ငံ၌ အကြီးဆုံးသော သဘာဝဆိပ်ကမ်းဖြစ်သည်။ သဲသောင်ပေါ်ထွန်းမှု လုံးဝမရှိဘဲ ရေနက်လွန်းသဖြင့် ၁၉၂၀ - ခုနှစ်က ဗြိတိသျှရေတပ် သငေ်္ဘာအုပ်စု တစ်ခုလုံးပင် ဝင်ရောက်နားခိုနိုင်ကြောင်း မောရစ်ကောလိစ်က မှတ်တမ်းတင် ရေးသားခဲ့သည်။ ၂၀၁၄ - ခု ဧပြီလ (၂၇) မှ မေလ (၁) ရက်နေ့ထိ `လုံခြုံ၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးရန်´ ရည်ရွယ်ချက်ဖြင့် ကျောက်ဖြူ ညီလာခံ ကျင်းပခဲ့သည်။ ရခိုင်ရေးရာ မူဝါဒများအတွက် (၉၁) ချက်ကို ဘုံဘောတူ ချမှတ်နိုင်ခဲ့သည်။
16. တောင်ကုတ်
တောင်ကုတ်ချောင်းဝ (၁၂) မိုင်ကွာဝေးသည့် နေရာတွင် ချောင်းလက်ယာဖက်ကမ်း၌ တည်ရှိသည်။ ဆိပ်ကမ်းနှင့်မြို့သည် နှစ်မိုင်ဝေးသည်။ တောင်ကုတ်တောင်ကြားလမ်းကြောင့် စည်ပင်တိုးတက်သည်။ ရခိုင်နှင့် ဧရာဝတီမြစ်ဝှမ်းထွက်ကုန်များ အပါအဝင် ပြည်မတစ်လွှားရှိ ကုန်စည်များကို အဓိကဖလှယ်ရာ စခန်းမြို့ဖြစ်သည်။
၁၈၆၄ - ခုနှစ်တွင် ယခုမြို့ကို တည်ခဲ့သည်။ မြို့ဟောင်းအရပ်သည် ယခုမြို့၏ သုံးမိုင်ခန့်အကွာတွင် တည်ရှိသည်။ မြို့မြောက်ဖက်တွင် ၂၀၁၂ - ခု ဒီဇင်ဘာလ (၁၇) ရက်နေ့က ဖွင့်လှစ်ခဲ့သည့် တောင်ကုတ်ကောလိပ် ရှိသည်။ နှစ်နှစ်သင်ကောလိပ် ဖြစ်သည်။
မြို့ပေါ်ဧရိယာမှာ (၀.၇၂) စတုရန်းမိုင်၊ ရပ်ကွက်(၄) ခု၊ လူဦးရေ (၂၅၁၀၂) ဦး ရှိသည်။ မြို့နယ် ဧရိယာက (၁၉၀၆.၆၂) စတုရန်းမိုင် ကျယ်ဝန်းကာ၊ ကျေးရွာအုပ်စု (၄၂) စု၊ ရွာပေါင်း (၁၄၅) ရွာ၊ လူဦးရေ (၁.၀၃) သိန်းကျော် နေထိုင်သည်။ ရပ်ဝေးသို့ ပြောင်းရွှေ့ထွက်ခွာသူ များသဖြင့် လူနေကြဲ သည်။ အဓိက စီးပွားရေးမှာ ဆန်စပါး၊ ငါးနှင့် သစ်ဝါးတို့ ဖြစ်သည်။ မြို့၏ အရှေ့ဖက်တွင် တောတောင်ထူထပ်ပြီး ကြိုးဝိုင်း/ပြင် ကာကွယ်တောမှာ (၄၀၁.၉၁) စတုရန်းမိုင် ရှိသည်။ အနောက်ဖက်တွင် ဒီရေ ရောက် မြစ်ချောင်း ပေါများသည်။ ဒီရေသစ်တောက (၁၄၃.၉၀) စတုရန်းမိုင် ရှိသည်။ မ အီမြို့နယ်ခွဲ မပါဘဲ စပါးစိုက်ဧရိယာ (၆၅.၅၆) စတုရန်းမိုင်၊ ပုစွန်ကန် ၁၁ကန်နှင့် မွေးမြူဧရိယာ (၅၈၉) ဧက ရှိသည်။
တောင်ကုတ်မှ ပြည်၊ ရန်ကုန်၊ မအီ၊ အမ်း၊ စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ တို့သို့ ကားလမ်းပေါက်သည်။ ဖောင်တော်ဦးစေတီ၊ သေးခံတောင်စေတီ၊ ပန်းမျောက်တောင်စေတီ၊ ကျီးပြင်ဘုရား၊ ကလိန်တောင်မြစ်၊ ခေါင်းလောင်းတူ၊ နေပူတောင်တို့မှာ ထင်ရှားသည်။`ကလိန်တောင်မြစ်´သည် အနောက်ဖက်နယ်ခြား မျဉ်း ဖြစ်သည်။
17. သံတွဲ
ရခိုင်တောင်ပို်င်း၊ သံတွဲချောင်းဝရှိ တောင်ကုန်းပေါသော အရပ်တွင် တည်ရှိသည်။ ပါဠိအမည်မှာ ဒွါရာဝတီ ဖြစ်သည်။ ရှေးအဆက်ဆက်ကပင် အရေးပါသည့် မြို့တစ်မြို့ ဖြစ်သည်။ ရခိုင်တွင် `မြို့သက်အရှည်ဆုံး´ မြို့တစ်ခုအဖြစ် ထင်ရှားဆဲဖြစ်သည်။`ဝါသုဒေဝ´ညီနောင်တို့က မြို့ကိုတိုက်ခိုက် သည့်အခါ မြို့သည် လေပေါ်ပျံဝဲ မတက်ရောက် မပျောက်ကွယ်စေရန် သံကြိုးဖြင့် ချိတ်ဆွဲကာ တိုက်ခိုက်ခဲ့မှ အောင်မြင်ခဲ့သည်ကို အကြောင်းပြု၍ `သံတွဲ´ဟု အမည်ရလာသည်။
တောင်ကုတ်နှင့် ဂွမြို့တို့သို့ ကားလမ်းပေါက်သည်။ လေယာဉ်ကွင်းမှာ `မဇင်´အရပ်တွင် ရှိသည်။ သငေ်္ဘာဆိပ်မှာ မြို့တောင်ဖက်ရှိ `သပြုချိုင်´ အရပ်တွင် ရှိသည်။ ယခင်က သံတွဲမြို့စား/ သံတွဲမင်းဟူ၍ ခန့်ထားအုပ်ချုပ်သည်။ ၁၈၈၅ - တွင် မြူနီစပါယ် အုပ်ချုပ်ရေးမြို့ ဖြစ်သည်။ မြို့ဧရိယာမှာ (၁.၃၇) စတုရန်းမိုင်ရှိကာ ရပ်ကွက်(၈) ခု၊ လူဦးရေ (၁၈၃၂၇) ဦး ရှိသည်။
မြို့နယ်ဧရိယာက (၁၃၆၀.၁၆) စတုရန်းမိုင် ရှိကာ၊ ကျေးရွာအုပ်စု (၆၃) စု၊ ရွာ (၂၆၂) ရွာ ရှိသည်။ မြို့၏ အနောက်ဖက် လေးမိုင်ခန့်အကွာတွင် `ငပလီ´ကမ်းခြေ ရှိသည်။
သံတွဲသည် တောတောင်ထူထပ်ပြီး ကမ်းမြောင်လွင်ပြင် ကျဉ်းသည်။ ကြိုးဝိုင်း/ပြင် ကာကွယ်တောမှာ (၃၆၆.၆၅) စတုရန်းမိုင် ရှိသည်။ `ရခိုင်ဆင်ဘေးမဲ့တော´တွင် ဤမြို့နယ်မှ (၃၈၄.၆) စတုရန်းမိုင် ပါဝင်သည်။ လယ်ယာဥယျာဉ် စိုက်ပျိုးခြင်း၊ ငါးဖမ်းခြင်း၊ သစ်ထုတ်လုပ်ခြင်းများ ရှိသည်။ စပါးစိုက်ဧရိယာ (၇၂) စတုရန်းမိုင် ရှိသည်။ ပုစွန်ကန် (၄၉) ကန်နှင့် မွေးမြူဧရိယာ (၇၄၄) ဧက ရှိသည်။
ဆံရွှေဆံတော်၊ ရွှေအံတော်၊ ရွှေနံတော်၊ ငပလီတို့မှာ ထင်ရှားသည်။ ရှေးယခင်ခေတ်ကာလ၌ `သံတွဲနယ်ဓာတ်တက်ပွဲ´ဆိုကာ ဆံတော်၊ နံတော်၊ အံတော်စေတီတို့တွင် သံတွဲသူ/သားများသည် တစ်နှစ်လျှင် သုံးကြိမ်ကျ ဘုရားတစ်ပါးစီ၌ ညအိပ်ကာ ဘာဝနာရှု ကုသိုလ်ပြုကြသည်။ ၁၉၁၁ - ခု ဝန်းကျင်မှစ၍ ဤဓလေ့သည် တိမ်ကောပျောက်ကွယ် ခဲ့လေသည်။
ငပလီသည် မြန်မာနိုင်ငံတွင် အထင်ရှားဆုံးနှင့် သက်တမ်းအရှည်ဆုံး ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း ဖြစ်သည်။ ငါးမိုင်ခန့် ရှည်သည်။ ကမ်းခြေတစ်လျှောက်လုံးတွင် စိမ်းလန်းစိုပြေသည့် အုန်းပင်တန်းများရှိခြင်း၊ ကယ်းခြေသဲဖြူနေစေရန် ခရုခွံသဲရွရွများရှိခြင်း၊ ကမ်းဦးရေတိမ်ပြေပြစ်ပြီး ပင်လယ်ဖက်သို့ လှိုင်းမဆွဲခြင်း၊ ငမန်းလိပ်ကျောက် စသည့် အန္တရာယ်ကောင်များ မရှိခြင်း၊ ပင်လယ် ရေပြင်သည် ကြည်လင်နေခြင်းတို့ကြောင့် ထင်ရှားကာ ဤအရာများအားလုံးသည် ဥရောပတိုက်ရှိ `နေပလီ´ကမ်းခြေနှင့် တူနေသောကြောင့် ဥရောပသားများက နေပလီ နေပလီဟု ခေါ်တွင်ရာမှ `ငပလီ´ဟု ဖြစ်လာခဲ့သည်။
သံတွဲမြစ်သည် ရိုးမတောင်ရှိ တောင်နီတောင်မှ မြစ်ဖျားခံသည်။ သံတွဲမြို့တည်ရှိ၍ မြစ်အမည် တွင်သည်။ မြစ်ဝပိုင်းမှာ ရေတိမ်သည်။ တောင်ကျချောင်း ပုံစံမျိုး ဖြစ်သည်။ (၅၈) မိုင်မျှ ရှည်သည်။ သစ်တောပြုန်းတီးမှုကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်လာသည်။ ၁၉၆၂ - ခုနှစ်တွင် တစ်ကြိမ် ရေကြီးဖူး သည်။ နောက် (၁၀) နှစ်ကြာမှ တစ်ကြိမ် ရေကြီးသည်။ ၂၀၀၄ - ခုနှစ်တွင် အဆိုးဆုံး ရေကြီးသည်။ ၎င်းမှ နောက်ပိုင်းတွင်မူ တစ်နှစ်တစ်ကြိမ် နှစ်စဉ် ရေကြီးနေပါတော့သည်။
ဝန်ခံချက်။
အောင်လှသိန်း ရေးသားသည့် `ရခိုင်သုတအဘိဓာန်´စာအုပ်မှထုတ်နုတ် ၍ HADAYA သူရဲ့ Facebook စာမျက်နှာတွင်ပြန်လည တင်ခဲ့သည့်Post များကိုစုစည်းဝေမျှပါသည်။

Comments
Post a Comment