ရခိုင္ေျမာက္ပို္င္း ဗရဗီေက်ာင္းမ်ားဖ်က္ၿပီးအစိုးရေက်ာင္းမ်ားအစားထိုးရန္ လြတ္ေတာ္တင္ျပ

Zawgyi Fonts
 ........



ရခိုင္ျပည္နယ္ေျမာက္ပိုင္းရွိ အာရဗီစာသင္ေက်ာင္းမ်ားကုိ ဖ်က္သိမ္းရန္ႏွင့္ အစိုးရစာသင္ေက်ာင္းမ်ားျဖင့္ အစားထိုးရန္ ရခိုင္တိုင္းရင္းသားလႊတ္ေတာ္ကုိယ္စားလွယ္ ေဆြးေႏြး
------ ------ ------ ----- -----

ရခိုင္ျပည္နယ္ေျမာက္ပိုင္းရွိ အာရဗီစာသင္ေက်ာင္းမ်ားကုိ ဖ်က္သိမ္းရန္ အစိုးရစာသင္ေက်ာင္းမ်ားႏွင့္ အစားထိုးရန္ႏွင့္ ဗလီအေရအတြက္အား ကန္႔သတ္ျခင္း၊ ဗလီဆရာမ်ားအား အစြန္းမေရာက္သည့္ သေဘာထားမွ်တသူမ်ားျဖစ္လာေစရန္ စီမံေဆာင္ရြက္သင့္ေၾကာင္း ရခိုင္ျပည္နယ္ေျမပံုမဲဆႏၵနယ္မွ ျပည္သူ႕လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေဖသန္းက ေျပာၾကားသည္။

ေဖေဖာ္၀ါရီ ၂၀ ရက္က က်င္းပသည့္ ဒုတိယအႀကိမ္ျပည္သူ႕လႊတ္ေတာ္အစည္းအေ၀းတြင္ ဘူးသီးေတာင္ မဲဆႏၵနယ္မွ ျပည္သူ႕လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေအာင္ေသာင္းေရႊ တင္သြင္းထားသည့္ “ရခိုင္ျပည္နယ္၊ ေျမာက္ပိုင္းေဒသတြင္ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာႏွင့္ နယ္ေျမတည္တံ့ခိုင္ၿမဲေရးအတြက္လည္းေကာင္း၊  ေဒသခံဌာေနတိုင္းရင္းသားတို႔၏ အသက္အိုးအိမ္၊ ထာ၀ရလံုၿခံဳမႈရွိေသာ လူမႈဘ၀ကုိ ထူေထာင္ႏိုင္ရန္ ေဒသခံတုိင္းရင္းသားတို႔၏ လိုအပ္ခ်က္မ်ားကုိ ေရတိုေရရွည္ စီမံကိန္းမ်ား ပြင့္လင္းျမင္သာစြာ ခ်မွတ္၍ ထိေရာက္ေသာ အေကာင္အထည္ေဖာ္ ေဆာင္ရြက္မႈမ်ားကုိ ျပဳလုပ္ေပးရန္ ႏိုင္ငံေတာ္အစိုးရအား တိုက္တြန္းေၾကာင္း”အဆိုႏွင့္ ပတ္သက္၍ ေဆြးေႏြးရာတြင္ ၎က အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ဘာသာေရးအစြန္းေရာက္မ်ားကို ေမြးဖြားရာ အာရဗီစာသင္ေက်ာင္းမ်ားကိုဖ်က္သိမ္းျပီး အစိုးရစာသင္ေက်ာင္းမ်ားအျဖစ္ အစားထိုးျခင္း၊ ဗလီအေရအတြက္အား ကန္႔သတ္ျခင္း၊ ဗလီဆရာမ်ားအား အစြန္းမေရာက္သည့္ သေဘာထားမွ်တသူမ်ားျဖစ္လာေစရန္ စီမံေဆာင္ရြက္ျခင္း …. ေသေရးရွင္ေရးနဲ႔ ရင္ဆုိင္ေနရတဲ့ တိုင္းရင္းသားရခိုင္ေတြရဲ႕ တံု႔ျပန္ေဆာင္ရြက္ခ်က္ေတြဟာ အေနာက္တံခါး မက်ဳိးေပါက္ရေအာင္ တည္ေဆာက္ေနတဲ့တူသံ၊ လႊသံေတြသာျဖစ္ၿပီး ဆူညံသံေတြလုိ႔ မမွတ္ယူသင့္ပါဘူး။  ေျမြကိုက္လို႔ ေအာ္ေနတာကုိ အသံေၾကာင့္ ဖားေသရတယ္လို႔ မွတ္ခ်က္မျပဳသင့္ပါဘူး။ ရြာအေနာက္ပိုင္းမွာ မီးေလာင္ေနတာကုိ မီးနဲ႔ေ၀းတဲ့ အေရွ႕ပိုင္းရြာသားေတြ ေပါ့ေပါ့ေလ်ာ့ေလ်ာ့ သေဘာထားၾကမယ္ဆိုရင္ တရြာလံုးျပာက်ရမဲ့ အျဖစ္ဆိုးႀကံဳေတြ႕ရႏိုင္ပါတယ္”ဟု ဦးေဖသန္းက ေျပာသည္။

အဆိုကုိ ဦးေဖသန္းအပါအ၀င္ ျပည္သူ႕လႊတ္ေတာ္ကုိယ္စားလွယ္ ၁၇ ဦးက ေဆြးေႏြးခဲ့ၾကၿပီး၊ လူမႈ၀န္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး၀န္ႀကီးဌာန၊ ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာ၀င္းျမတ္ေအးက လက္ရွိေဆာင္ရြက္ေသာ လုပ္ငန္းမ်ားျဖစ္သည့္အတြက္ မွတ္တမ္းအျဖစ္ထားရွိရန္ တင္ျပခဲ့ၿပီး၊ အဆိုရွင္ဦးေအာင္ေသာင္းေရႊက အဆိုကုိ အတည္ျပဳေပးရန္ တင္ျပေသာေၾကာင့္ မဲခြဲဆံုးျဖတ္ရာ ေထာက္ခံမဲ ၆၇ မဲ၊ ကန္႔ကြက္မဲ ၃၀၄ မဲ၊ ၾကားေနမဲ ၁ မဲရရွိေသာေၾကာင့္ အဆိုကုိ မွတ္တမ္းအျဖစ္သာ ထားရွိရန္ လႊတ္ေတာ္က ဆံုးျဖတ္ခဲ့သည္။

ထြန္း(ေနျပည္ေတာ္)

......




Unicode Fonts
.....

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အာရဗီစာသင်ကျောင်းများကို ဖျက်သိမ်းရန်နှင့် အစိုးရစာသင်ကျောင်းများဖြင့် အစားထိုးရန် ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
------ ------ ------ ----- -----

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အာရဗီစာသင်ကျောင်းများကို ဖျက်သိမ်းရန် အစိုးရစာသင်ကျောင်းများနှင့် အစားထိုးရန်နှင့် ဗလီအရေအတွက်အား ကန့်သတ်ခြင်း၊ ဗလီဆရာများအား အစွန်းမရောက်သည့် သဘောထားမျှတသူများဖြစ်လာစေရန် စီမံဆောင်ရွက်သင့်ကြောင်း ရခိုင်ပြည်နယ်မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်းအေ၀းတွင် ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ တင်သွင်းထားသည့် “ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက်လည်းကောင်း၊ ဒေသခံဌာနေတိုင်းရင်းသားတို့၏ အသက်အိုးအိမ်၊ ထာ၀ရလုံခြုံမှုရှိသော လူမှုဘ၀ကို ထူထောင်နိုင်ရန် ဒေသခံတိုင်းရင်းသားတို့၏ လိုအပ်ချက်များကို ရေတိုရေရှည် စီမံကိန်းများ ပွင့်လင်းမြင်သာစွာ ချမှတ်၍ ထိရောက်သော အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ပြုလုပ်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း”အဆိုနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဘာသာရေးအစွန်းရောက်များကို မွေးဖွားရာ အာရဗီစာသင်ကျောင်းများကိုဖျက်သိမ်းပြီး အစိုးရစာသင်ကျောင်းများအဖြစ် အစားထိုးခြင်း၊ ဗလီအရေအတွက်အား ကန့်သတ်ခြင်း၊ ဗလီဆရာများအား အစွန်းမရောက်သည့် သဘောထားမျှတသူများဖြစ်လာစေရန် စီမံဆောင်ရွက်ခြင်း …. သေရေးရှင်ရေးနဲ့ ရင်ဆိုင်နေရတဲ့ တိုင်းရင်းသားရခိုင်တွေရဲ့ တုံ့ပြန်ဆောင်ရွက်ချက်တွေဟာ အနောက်တံခါး မကျိုးပေါက်ရအောင် တည်ဆောက်နေတဲ့တူသံ၊ လွှသံတွေသာဖြစ်ပြီး ဆူညံသံတွေလို့ မမှတ်ယူသင့်ပါဘူး။ မြွေကိုက်လို့ အော်နေတာကို အသံကြောင့် ဖားသေရတယ်လို့ မှတ်ချက်မပြုသင့်ပါဘူး။ ရွာအနောက်ပိုင်းမှာ မီးလောင်နေတာကို မီးနဲ့ေ၀းတဲ့ အရှေ့ပိုင်းရွာသားတွေ ပေါ့ပေါ့လျော့လျော့ သဘောထားကြမယ်ဆိုရင် တရွာလုံးပြာကျရမဲ့ အဖြစ်ဆိုးကြုံတွေ့ရနိုင်ပါတယ်”ဟု ဦးဖေသန်းက ပြောသည်။

အဆိုကို ဦးဖေသန်းအပါအ၀င် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ဆွေးနွေးခဲ့ကြပြီး၊ လူမှု၀န်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးက လက်ရှိဆောင်ရွက်သော လုပ်ငန်းများဖြစ်သည့်အတွက် မှတ်တမ်းအဖြစ်ထားရှိရန် တင်ပြခဲ့ပြီး၊ အဆိုရှင်ဦးအောင်သောင်းရွှေက အဆိုကို အတည်ပြုပေးရန် တင်ပြသောကြောင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၆၇ မဲ၊ ကန့်ကွက်မဲ ၃၀၄ မဲ၊ ကြားနေမဲ ၁ မဲရရှိသောကြောင့် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ထွန်း(နေပြည်တော်)

Comments

Popular posts from this blog

၂၀၁၈ အထက(ရြာမ)ဆယ္တန္းႀကီးၾကပ္က်ၿပီ

ေဆာင္းသီးႏွံစီမံကိန္း ကင္းေတာင္တြင္သင္တန္းပို႔ခ်

တန္းလြဲတိုက္နယ္ ရြာမရဲစခန္းမွ ႀကီးမွဴး၍လံုျခံဳေရးတိုးျမင့္ေန