တောင်ကုတ်မြို့ဌာနဆိုင်ရာများမှ လူကုန်ကူးမှုကို အမြန်တားစီးနိုင်ခဲ့
Zawgyi fonts
.....
===============================
၃ - ၃ - ၂၀၁၈ တောင်ကုတ်
NC
Unicode fonts
...
လူကုန်ကူးခံရသူများအား တောင်ကုတ်မြို့ ဌာနဆိုင်ရာများမှအချိန်မှီတားဆီးနိုင်ခဲ့
===============================
၃ - ၃ - ၂၀၁၈ တောင်ကုတ်
တောင်ကုတ်မြို့နယ် မအီမြို့နယ်ခွဲ လမူးမော်ကျေးရွာ ပဒါကျေးရွာ ကြက်ကိုင်း ငှက်ပျောတောရွာ ကျော်ကိုင်းရွာနှင့် ကျောက်ဝေရွာများမှ အသက်မပြည့်သေးသူများပါဝင်သော ကျား၁၉ မ ၁၃ ပေါင်း၃၂ ဦးအားလမူးမော်အုပ်စု ချောင်းကြီးနားကျေးရွာနေ နေမျိုးအောင် (ဘ) ဦးသောင်းညွှန် ၃၃ နှစ် မှတရုတ်နိုင်ငံတွင်အလုပ်ရမည်ဟု အယုံသွင်းကာ လူကုန်ကူးရန်အတွက် ယာဉ်အမှတ် 2A 5034 ဟွန်ဒိုင်း မာန်သစ္စာ ယာဉ်အား ငှားရမ်း၍ ရန်ကုန်သို့ သယ်ဆောင်လာစဉ် သတင်းအရ တောင်ကုတ်မြို့မရဲစခန်းမှ ဒုရဲမှူးချစ်ဝေဦးစီး ၅+၃ SB စရဖ ထွေ/အုပ် လဝက တို့ပါဝင်သော ပူးပေါင်းအဖွဲမှ တောင်ကုတ်မြို့နယ် စေတီကွင်းကျေးရွာ အနီးတွင် စောင့်ဆိုင်းစစ်ဆေးခဲ့ပြီး တရားခံနေမျိုးအောင်အားဖမ်းဆီး၍ တောင်ကုတ်မြို့မရဲစခန်းမှ ၂၀၁၈ မတ် ၀၃၂၃၁၅ချိန် (ပ)၂၇/၂၀၁၈ လူကုန်ကူးမှု့တားဆီးကာကွယ်ရေးအက်ဥပဒေပုဒ်မ ၃၆၇ဖြင့် အမှု့ဖွင့် ထားပြီး လူကုန်ကူးခံရသူများအား မိဘများထံပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရ ။
ဆက်စပ်တရားခံ မောင်ကျန်လူ (ခ)မျိုးမင်း ၂၃ နှစ် (ဘ)မောင်ထွန်းအေး လမူးမော်ရွာ ကြက်ကိုင်းရပ်ကွက် အားဖမ်းဆီးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရ။

Comments
Post a Comment